Unicode....
"ဘာဖြစ်ပြန်တာလည်း နေနေပီးမှ"
"အခုဘဲ ဒယ်ဒီကြည့်လေ ကုမ္မဏီခဏသွားပါတယ် သူများလာခေါ်တဲ့နောက်ကိုထည့်ပေးလိုက်တယ်"
"သူများကလာခေါ်တာကိုငါကပေးမသွားရင် ကောင်းမလား"
"မသိဘူးဗျာ အိမ်ပြန်ခေါ်တော့မယ် ဒယ်ဒီလည်း ဟိုကိုပြန်တော့ပေါ့ "
"ဟေ့ကောင် ငါဘာသာဟိုမှာနေရင်နေမယ် ဒီမှာနေရင်နေမယ် အခုငါ့မြေးလေးကရှိလာပီမို့ဒီမှာဘဲနေတော့မှာ"
"သဘော သဘော"
.................
"မ ဘယ်သွားတာလည်း"
"ဘယ်သွားသွားပေါ့"
"မောင်မေးနေတယ်လေ ဘာလို့တစိမ်းယောကျာ်လေးနောက်ကိုလိုက်သွားလည်း"
"ငါ့သဘောလေ"
"မောင်စိတ်မချဘူးလေ"
"စိတ်မချရအောင် ငါကဘာလုပ်နေလို့လည်း"
"မဟုတ်ဘူးလေ မောင်ပြောချင်တာကကွာ ......ကျစ်"
"ငါကဖောက်ပြန်တတ်တဲ့သူစည်းမစောင့်တတ်တဲ့သူမျိုး မဟုတ်ဘူး နောက်ပီးငါကအရှက်မရှိမင်းရှေ့မှာဖြစ်ပျက်နေတဲ့သူမျိုးလည်းမဟုတ်ဘူး မင်းစိတ်နဲ့လိုက်နှိုင်းမနေနဲ့"
" အာ စိတ်နဲ့နှိုင်းတယ်ဆိုရအောင်မောင်ကဖောက်ပြန်လို့လား လက်မထပ်ခင်ကဆိုင်မှာတွေ့တဲ့ကောင်မလေးကလည်းမောင့်ညီမဝမ်းကွဲဆိုတာ'မ'သိပီးပီလေ မောင်ဖောက်ပြန်လို့လား"
"အတိတ်မေ့သွားတာလား "
"ဟာ မဟုတ်ဘူးလေ အော်'မ'မထွက်သွားခင်ညကလား အဲ့ဟာကမောင့်ကုမ္မဏီကရှယ်ယာတွေကိုလိုချင်တာနဲ့ အဲ့ဇွန်ပန်းဆိုတဲ့မိန်းမကအဖွဲ့လိုက် ပေါင်းပီးလုပ်ကြံတဲ့ဓာတ်ပုံတွေပါ "
"အော် ဟုတ်လား ရှယ်ယာတွေကိုလိုချင်နေရင် ပေးလိုက်ပေါ့ ငါနဲ့ကွာရှင်းပီးသူနဲ့လက်ထပ်လိုက်ရင် မင်းလည်းအဆင်ပြေရှယ်ယာလိုချင်တဲ့သူလည်းအဆင်ပြေတာပေါ့"
"မောင်ကဘာလို့အဆင်ပြေရမှာလည်း"
"အိမ်ထောင်ရေးကိုငြီးငွေ့နေပီမဟုတ်လား
အတူတူရင်ဖွင့်ကြဖက်ပီးနေကြပီးရင်အိမ်လိုက်ပို့ကြနဲ့ အဟက် ဘာလည်းအခုကျမှခလေးလိုချင်သွားလို့လား ဒါမှမဟုတ်ဟိုမိန်းမကိုငြီးငွေ့လို့အသစ်ပြောင်းချင်တာလား"
KAMU SEDANG MEMBACA
အမုန်းမမည်သောရပ်ဝန်း၌(Complete)
Romansaအတိတ်ကဖြစ်ရပ်တစ်ခုကြောင့် သွင်တခေတ်ကိုချစ်ဟန်ဆောင်ပြီးပိုးပန်းလက်ထပ်ယူခဲ့တဲ့ "တည်တံ့နိုင်" ကိုယ့်ထက်အသက်ငယ်တဲ့ကောင်လေးကိုအချစ်ကြီးချစ်မိသွားပြီးမှ အမုန်းတရားတခုကြောင့်ချစ်ဟန်ဆောင်ကာလက်ထပ်ခဲ့မှန်းသိသွားခဲ့တဲ့ ...