Part-3

16.8K 348 3
                                    

Unicode

~ ~ ~ ~
မဂ်လာပွဲတစ်လျှောက်လုံးမွန်းကြပ်နေပေမဲ့ အားတင်းပီး ဧည့်သည်တွေကိုဧည့်ခံစကားပြောရသည်။အကြောင်းသိသည့်မှုံကလည်း အနားမှာစိတ်ပြေအောင်စကားလာလာပြောပေးနေရသည်။ဒီလိုနဲ့မဂ်လာအခမ်းနားကြီးပြီးဆုံးသွားတော့သည်။

ညနေဘက် သူ့အိမ်ကိုပြောင်းနေရတော့မှာ သိပေမဲ့ ပြန်ရောက်တာနဲ့အ၀တ်စားဆွဲကြိုးတွေအကုန်ချွတ်ကာ ရေပြေးချိုးပီးနောက် အိပ်ချလိုက်တော့သည်။သွင့်အတွက်အိပ်လိုက်ခြင်းသည်သာ စိတ်သက်သာစေဖို့အကောင်းဆုံးနည်းလမ်းတစ်ခု။

"ဟေ့ ဟေ့"

"အင်း အင်း "

"ဟေ့ ဒေါ်သွင်တခေတ်"

"အွန့် အွန့်"

"အမ် ဟင် မင်းဒါဘာလုပ်တာလဲငါ့အခန်းထဲထိလာပီး"

"ခေါ်နှိုးနေတာနှိုးမရလို့ နိုးမယ်ထင်တဲ့နည်းနဲ့နှိုးလိုက်တာလေ"

"ဘယ်လို မင်းကဘယ်လိုနှိုးနေလို့ငါကမနိုးရတာလည်း ဟမ်"

"ခေါ်ပီးနှိုးတာပေါ့"

"ဘယ်လောက်ပုရွက်ဆိတ်တောင်မကြားရတဲ့အသံနဲ့နှိုးနေသလည်းမသိဘူး ငါကအအိပ်ကြီးတာကျနေတာဘဲ"

"ဘာတွေပွစိ ပွစိပြောနေတာလည်း"

"ဒီမှာ မင်းငါ့ကိုပိုင်စိုးပိုင်နက်နမ်းတာတွေလာမလုပ်နဲ့ မုန်းတယ်မလား ဝေးဝေးနေလေ အခုဘာလုပ်ဖို့နှိုးတာလည်းပြော"

"ဒီညအိမ်မှာလိုက်နေရပီမဟုတ်လားသွားမယ် ညdinnerလည်းရှိသေးတယ် ပြင်ရဦးမယ်မဟုတ်လား"

"အယ် ဟုတ်သားdinner အဖွားနဲ့မေမေတို့ရောပြင်နေကြပီလား"

"အဖွားနဲ့အမေက လူငယ်တွေလွတ်လွတ်လပ်လပ်ဘဲdinnerလုပ်ကြတဲ့ မလိုက်တော့ဘူးတဲ့"

"အင်း ငါဆင်းလာခဲ့မယ် ဒါနဲ့အဝတ်စားကဟိုရောက်မှပြင်ဆင်ရမယ်မဟုတ်လား "

"အင်း ဒါဆိုအောက်မှာစောင့်နေမယ်"
လေပေးကပျော့လိုက်မာလိုက် အမူယာကနူးညံ့လိုက်ကြမ်းတမ်းမလိုဖြစ်လိုက်နဲ့တည်တံ့နိုင်ကရူးများနေလားမသိ ဒါဆိုငါကအရူးမယားဖြစ်ပီပေါ့•-•။

အမုန်းမမည်သောရပ်ဝန်း၌(Complete)Where stories live. Discover now