Part-5

13.8K 306 3
                                    

Unicode

"ရောက်ပိီဆင်း"

"အယ် ရောက်ပီလား စာအုပ်ဖတ်နေတာနဲ့ မသိလိုက်ဘူး ခဏလေးလိုဘဲ  ဟင်  စာအုပ်ဆိုင် ဝင်ဝယ်စရာရှိလို့လား"

"ခင်ဗျား အခုကိုင်ထားတဲ့လက်ထဲကစာအုပ်မျိုးအခုဝယ် ပီးရင်ဖတ်ချင်သမျှစာအုပ်တွေဝယ်သွား သူများစီကငှားမဖတ်နဲ့ အဲ့စာအုပ်လည်းမနက်ဖြန် ပြန်ပေးလိုက် "

"အင်း လိုက်ပို့ပေးလို့ကျေးဇူးဘဲ အကြိုက်ရွေးဦးမယ်"

"စာအုပ်ဆိုင်လာဖို့မအားတဲ့သူကြီးကိုအရောက်ပို့ပေးတာ"

"ကျေးဇူးပါရှင့် တစ်လက်စထဲစာအုပ်ပါကူသယ်ပေးပါဦးနော်"

"ကူသယ်ပေးမယ် မြန်မြန်ဝင်ဝယ်"

            ...................

"ရေချိုးတော့မယ်ပီးရင်စာအုပ်တွေဖတ်ရင်းအနားယူတော့မယ်"

"မြန်မြန်ချိုး အအေးပတ်ပီးလေဖြတ်နေမယ်"

"အပြောဆိုမငြင်သာလိုက်တာ"

"ငြင်သာတဲ့လူကိုရှာယူလေ"

"ရှာယူမှာ"

"ခင်ဗျား နော် တောက် လုပ်ချင်သလိုသာလုပ်"

"ဟေ့ ဘယ်သွားဦးမလို့လည်း အပြင်သွားမယ်ဆို အပြောငြင်သာတဲ့ကောင်လေးတစ်ယောက်လောက်ရှာခဲ့ပေး"

"ဘယ်အပြင်မှလည်းမသွားဘူး ရှာပေးရအောင်လည်း အားမနေဘူး သွားပီ နားကိုငြီးတယ်"

🤎 ...............

"ဒီနေ့ကထမင်းပူပူဟင်းပူပူဘဲဖြစ်သွားတယ်
မနက်စာဘဲချက်ခဲ့ရပီး အခုမှညနေစာချက်ရတော့ ပူပူနဲ့စားရအဆင်ပြေရဲ့လား"

"ပြေတယ်"

"အွန်း ပြေရင်ပြီးတာပါဘဲ ငါ့လက်ရာလေးမြည်းကြည့် ဒါကကြက်သားအစပ်ဆီပြန်လေး ဒါကကြက်ပေါင်သီးသနပ်ကိုမှပုစွန်ခြောက်များများလေး ဒါကအရည်သောက်လေး ဒန့်ဒလွန်ရွက်ဟင်းချိုလေး စားကြည့်လိုက်ထိမိဂွိနေရော "

"စကားကိုများတယ် စားမှသာစားစမ်းပါ"

"စားမယ် စားမယ် နားငြီးရင်ဂွမ်းဆို့ထား"

အမုန်းမမည်သောရပ်ဝန်း၌(Complete)Where stories live. Discover now