1

6.1K 745 7
                                    

{Unicode}

ဒင်! ဓါတ်လှေခါးတံခါးပွင့်လာတော့ Di Xiaoshu အထဲကို ဖြည်းဖြည်းချင်း လှမ်းဝင်လိုက်တယ်။

ဟုတ်တာပေါ့ သူ ဒီလိုမျိုး ထပ်ဖြစ်ပြန်ပြီ "ကောင်း.....ကောင်းသောနေ့ပါ Mr. Ling" Di Xiaoshu တုန်တုန်ယင်ယင်နှုတ်ဆက်လိုက်ပြီး အဲ့ဒီလူရပ်နေတဲ့နေရာနဲ့ အဝေးဆုံးထောင့်လေးမှာ တုန်လှုပ်စွာနဲ့ မတ်တပ်ရပ်လိုက်ပါတယ်။

တကယ်တော့ "ကောင်းသောနေ့ပါ" လို့ပြောမယ့်အစား "ဟေ့လူ! ခင်ဗျားအသက် ဘယ်လောက်ရှိပြီလဲ" လို့ ပြောလိုက်ချင်တာပါ။

သူတို့ရဲ့ ဓါတ်လှေခါးထဲမှာ ထပ်ခါထပ်ခါ "မတော်တဆ" တွေ့ဆုံမှုတွေကြောင့် Di Xiaoshu ရဲ့ ကျိုးပျက်လွယ်တဲ့စိတ်လေးက အလွန်အမင်း တင်းကျပ်လို့လာပါတယ်။ ပြီးတော့ သူ..... Mr. Ling ရဲ့ မနှစ်မြို့ပုံရတဲ့ အကြည့်စူးစူးတွေကြောင့် လေတိုက်တိုင်းလွင့်တော့မယ့် သစ်ရွက်လေးလို အတုန်တုန်အလှုပ်လှုပ်ဖြစ်နေပါတယ်။ ဒါကိုပဲ သူက သဘောကျနေပုံရပါတယ်။

"ဒီနေ့ရော အလုပ်မှာ ဘယ်လိုလဲ Xiaoshu?" သူက အပြုံးနဲ့ မေးလာပါတယ်။

"အဲ့ဒါ....အဲ့ဒါက အဆင်ပြေပါတယ်...." ဖူး..... ငါ့အပေါ်ကို လူသူတော်ကောင်းပုံစံမျိုးကြီး မပြုမူစမ်းပါနဲ့! ဒါတွေအကုန်လုံး မိကျောင်းမျက်ရည်တွေပဲကို! (အတုအယောင်တွေပဲ) မဟုတ်ဘူး ခဏလေး! ဒါတွေအကုန် မြွေမျက်ရည်တွေ! QAQ

"ဒီညရော မင်း ကွတ်ကီးတွေ ထပ်လုပ်ဦးမှာလား?" Mr. Ling က တစ်လှမ်းတိုးပြီး Di Xiaoshu နဲ့ဘေးချင်းကပ် ရပ်လိုက်ပါတယ်။

သနားစရာ Di Xiaoshu လေးခမျာ ကိုယ်လေးကို ကျုံ့လို့ ဓါတ်လှေခါးထောင့်စွန်းရှိရာကို တိုးဝင်သွားပြီး ကြောက်ကြောက်ရွံ့ရွံ့နဲ့ ခေါင်းငုံ့ထားပါတယ်။ "ဟုတ်.....ကျွန်တော် လုပ်ဦးမှာဗျ...." ဓါတ်လှေခါးကလည်း နှေးကွေးလိုက်တာ (^_^.) \ မြန်မြန် သွားပါဟ!

"ဒါဆို ငါ့အတွက်လည်း ပိုလုပ်ပေးပါဦးနော်!"

"ဟု....ဟုတ်ကဲ့....." မင်းလိုဝက်..... မြွေကောင်.... ငါ မင်းကို သေချာပေါက် လာရောက်ဆက်သရမှာပေါ့..... မင်း ငါ့ကို မစားသရွေ့လေ......

ရှည်လျားတဲ့တစ်နေ့တာလုံး အလုပ်လုပ်ပြီးတဲ့နောက် Di Xiaoshu ခမျာ သူ့အခန်းအပြင်ဘက် လျှောက်လမ်းရဲ့ ဟိုဘက်မှာနေတဲ့ Mr. အိမ်နီးချင်းရဲ့ တောင်းဆိုမှုအရ ကွက်ကီးတွေဖုတ်ဖို့ လုပ်ရပြန်ပါတယ်။ သူ ဒီကိုပြောင်းလာတဲ့နေ့တုန်းက ဒီလိုမမျှမတတောင်းဆိုမှုမျိုးနဲ့ ကြုံရလိမ့်မယ်လို့ တွေးတောင် မတွေးခဲ့ပါဘူး။

ကျေးဇူးပြုပြီး ကျွန်တော့်ကို မစားပါနဲ့ // ဘာသာပြန် ||Complete||Where stories live. Discover now