Smut Extra

5K 650 13
                                    

{Unicode}

Ling She နဲ့ Di Xiaoshu တို့ သူတို့အိမ်အသစ်ကို မကြာသေးခင်ကမှ ပြောင်းလာခဲ့ကြပါတယ်။
တစ်ညမှာ ပုံမှန်အတိုင်း ဆိုဖာပေါ်ပျင်းတိပျင်းတွဲထိုင်ရင်း နှစ်ယောက်သား TV ကြည့်နေကြပါတယ်။ Ling She လက်မောင်းတွေကြား Dibယ Xiaoshu ပွေ့ဖက်ခံရင်း ဇာတ်ကားကြည့်လိုက် စကားပြောလိုက်လုပ်နေကြပါတယ်။
"ဒီက အရာရာအပေါ် ဘယ်လိုလဲ?" Ling She ကမေးလိုက်ပါတယ်။
"ကောင်းပါတယ်!!"  Di Xiaoshu က စိတ်အားထက်သန်တဲ့ အကြည့်တွေနဲ့ Ling She ကိုကြည့်လိုက်ပြီး "အထူးသဖြင့် ဒီက မီးဖိုချောင်နေရာကိုအကြိုက်ဆုံးပဲ!"★v★
Ling She လည်း သူ့ ဇနီးသည်တဖြစ်လဲ ချစ်စရာ ကောင်လေးကို ကြည့်လိုက်ပြီး မျက်လုံးတွေ ပိတ်ကျသွားတဲ့အထိ နမ်းလိုက်ပါတယ်။ အနားနားကပ်ပြီး တိုးဖျော့ဖျော့အသံလေးနဲ့ "ကိုယ့်ကိုရော သဘောကျလား?"
ဒါပေါ့ Di Xiaoshu နားရွက်တွေ စွေးစွေးနီလာခဲ့ပါတယ်။ "သဘောကျတယ်" လေသံတိုးတိုးလေးနဲ့ဖြေလိုက်ပါတယ်။ "ဒါဆို ကိုယ့်ကို ပိုသဘောကျတာလား ဒါမှမဟုတ် မီးဖိုချောင်ကိုလား?" Ling She နောက်တစ်ခွန်း ထပ်မေးလိုက်ပါတယ်။
Di Xiaoshu က "မီးဖိုချောင်ပေါ့!" 😆

Di Xioashu နောက်ပြောတာ မဟုတ်ပါဘူး။ ဒီအခန်းက မီးဖိုချောင်ပုံစံကလေ သူ့အိပ်မက်ထဲက ပုံစံအတိုင်းပဲ!!
သူတို့ ဒီကို စပြောင်းတဲ့နေ့ကတည်းက သူ့ အချိန်အကြာကြီး ဖြုန်းပစ်တာ ဒီမီးဖိုချောင်ထဲမှာပဲ။ မီးဖိုချောင်ကို ပတ်ကြည့်တယ်၊ ပစ္စည်းတွေကို တစ်ခုချင်းထုတ်ကြည့်တယ်။
ကျယ်ကျယ်ဝန်းဝန်းနဲ့ အလင်းရောင်ကောင်းကောင်းရရုံမကဘူး မီးဖိုကစလို့ ရေခဲသေတ္တာ၊ Oven က အစ အားလုံးက အနက်ရောင်ကာလာတွေချည်းပဲ!!! လုံးဝ အမိုက်စားဟေး!!!
ရေခဲသေတ္တာက တံခါးနှစ်ချပ်!
ပန်းကန်ဆေးစက်ကလည်း ကြီးတယ်!
Oven ကလည်း function မျိုးစုံနဲ့!
အရှေ့က မီးဖိုဆို L ပုံစံနဲ့! အဲ့တာကို သုံးတတ်ပါ့မလား သိပ်မသေချာပေမယ့် တစ်ချိန်တည်းမှာပဲ ငါ အဲ့တာတွေနဲ့ ဘာမဆို လုပ်နိုင်ပြီကွ!
....
Di Xiaoshu ဆိုတာ မီးဖိုချောင်ထဲကို သူ့စိတ်နှလုံးတစ်ခုလုံး မြှပ်နှံထားတဲ့ လူစားမျိုးပါ။ ဒီလို မီးဖိုချောင်မျိုး မြင်လိုက်ရတော့ ဘာမှမတတ်နိုင်ဘဲ ပျော်လွန်းလို့ မျက်ရည်တောင်ကျမိပါတော့တယ်။
သူ မီးဖိုချောင်အကြောင်း စဉ်းစားခန်းဝင်နေရင်းနဲ့ Ling She အမေးကို သိပ်မတွေးဘဲ ဖြေလိုက်တာမို့ Ling She မျက်နှာကြီး လငပုပ်လိုမည်းမှောင်သွားတာကို သူသတိမထားလိုက်မိပါဘူး။
"ငါ အချိုပွဲ သွားယူလိုက်ဦးမယ်!" အမြီးသေး‌သေးလေး ရှေ့နောက်ယမ်းခါရင်း သူမီးဖိုချောင်ထဲကို ခုန်ဝင်လို့ သွားလိုက်ပါတယ်။ သေချာတာကတော့ ခေါင်းစဉ်ပြောင်းချင်လို့ပါပဲ။
ဒီညအတွက် အချိုပွဲ‌ကတော့ ကျန်းမာရေးနဲ့ညီညွတ်ပြီး အရသာရှိတဲ့ သီးစုံဒိန်ချဉ်ပါ။
ကောင်တာမှာ အသီးတုံးလေးတွေကို ဒိန်ချဉ်နဲ့ရောနေတုန်း တစုံတစ်ယောက်က သူ့အနောက်ကနေ ပွေ့ဖက်လိုက်ပါတယ်။

🎉 You've finished reading ကျေးဇူးပြုပြီး ကျွန်တော့်ကို မစားပါနဲ့ // ဘာသာပြန် ||Complete|| 🎉
ကျေးဇူးပြုပြီး ကျွန်တော့်ကို မစားပါနဲ့ // ဘာသာပြန် ||Complete||Where stories live. Discover now