3

4K 673 27
                                    

{Unicode}
"Ling... Ling She.... အမ်.... ဒီနေ့ည အရွက်သုပ်စားကြမလား?" အမြဲ ရင်းနှီးကျွမ်းဝင်နေသလိုမျိုး Di Xiaoshu လက်ထဲမှာပစ္စည်းအပြည့်နဲ့ Ling She အိမ်ထဲကိုဝင်လာပါတယ်။
Ling She က ရုံးကပြန်လာပြီးကတည်းက တံခါးကို ဖွင့်ထားခဲ့တာမို့ သူအလွယ်တကူပဲ ဝင်လာလို့ရတာပါ။
သူ ဒီနေရာနဲ့ ရင်းနှီးကျွမ်းဝင်နေပြီဆိုပေမယ့် သူသတိကိုတော့ အပြည့်အဝမလွှတ်ချရဲသေးပါဘူး။ သူ Ling She နဲ့ မျက်လုံးချင်း ဆုံပြီးမကြည့်ရဲသေးပေမယ့် ခဏခဏ ဒူးထောက်ချော်လဲလေ့တော့ ရှိပါတယ်။ ညတိုင်း ဧကရာဇ်ဘုရင်ကြီးဆီကိုလည်း ညစာဘာစားမလဲဆိုပြီး အစီရင်ခံစာ တင်ရဆဲပါပဲ။
သူ တခါတလေကျလည်း စကားပြောနေရင်းနဲ့ ထိတ်လန့်သွားတာမျိုးတွေ ရှိတတ်ပြီး Ling She အိမ်သွားတဲ့အခါတိုင်းလည်း "အာ... ဒီနေ့ကတော့ ငါ့ဘဝရဲ့ နောက်ဆုံးနေ့ပဲ ထင်ပါရဲ့ TvT" ဆိုပြီးလည်း ခံစားနေတတ်ပါသေးတယ်။
"ဒါပေမယ့် Xiaoshu ရေ မင်း သိတယ်မလား......ကိုယ် အချိုမကြိုက်ဘူးဆိုတာလေ....." Ling She က Di Xiaoshu အနား လျှောက်လာပြီး ပခုံးပေါ်က အိတ်ကိုကူချပေးလိုက်ပါတယ်။ Di Xiaoshu နှုတ်ခမ်းကို 30° လောက် စူထော်လို့သွားပါတယ်။
သူ့နှုတ်ခမ်းတွေ တွန့်သွားပြီး "ဒါပေမယ့် ..... ဟိုရက်တွေတုန်းက ခင်ဗျားပဲ လည်ချောင်းမကောင်းဘူးဆို။ လည်ပင်းခြောက်နေမှာစိုးလို့ သစ်တော်သီးနဲ့ တခြားဟာတွေ စားသင့်တယ်လို့ ကျွန်တော်တော့ ထင်တာပဲ..... အရမ်းချိုအောင်မလုပ်ဘူးလေနော်.... ?"
"Xiaoshu ...... မင်းက ကိုယ့်အပေါ် သိပ်ကောင်းတာပဲ"
Di Xiaoshu က Ling She ကို ကြည့်လိုက်မိတဲ့အခါ အကြောင်းတချို့ကြောင့် Ling She ရဲ့ နှုတ်ခမ်းစွန်း‌လေးဟာ ဆွဲဆောင်မှုရှိရှိ အပေါ်ကို ကော့တက်သွားတဲ့အတွက် သူ့မှာ ရင်ခုန်သံတွေတောင် အလွဲလွဲအမှားမှား ဖြစ်လို့သွားပါတယ်။
"ဒါ....ဒါဆို ကျွန်တော် သွား ပြင်တော့မယ်"
ကြွက်ပေါက်စကွေးလေး သူ့ခြေထောက်သေးသေးလေးတွေနဲ့ မီးဖိုချောင်ဘက် ထွက်သွားတာကို Ling She ကြည့်နေပါတယ်-- အင်း--- ဘယ်လိုပြောရပါ့-- မြွေကြီးရဲ့ အမြီးက ရူးသွပ်စွာတွန့်လိမ်သွားပါတော့တယ်။
Di Xiaoshu က အသီးတွေကို အနေတော်အတုံးလေးတွေတုံးပြီး ပန်းကန်လုံးကြီးကြီးထဲကို သေချာထည့်လိုက်ပါတယ်။ သူကိုယ်တိုင် သေချာလုပ်ထားတဲ့ Salad ဆော့စ်ကို ရေခဲသေတ္တာထဲကနေ ထုတ်လိုက်ပြီး ပန်းကန်လုံးထဲ ခပ်များများ ဆမ်းလိုက်ပါတယ်။
သူ စပြီး ရောသမမွှေနေတဲ့အချိန်မှာ သူ့ခါးတဝိုက်ဟာ တစ်စုံတစ်ယောက်ကြောင့် ပိတ်မိလို့သွားပါတယ်.....
"Ling She.... ကျွန်တော်....ကျွန်တော် မပြီးသေးဘူးဗျ" Di Xiaoshu ပါးပြင်တွေဟာ နီမြန်းလာပြီး ကိုယ်ဟာလည်း အနည်းငယ်တွန့်လိမ်လို့နေပါတယ်။
နောက်ဆုံးအကြိမ်တုန်းကလိုမျိုး ချွေးထွက်တာတွေ တုန်လှုပ်တာမျိုးမဖြစ်တော့ဘဲ ဒီလို "တိတ်တဆိတ်တိုက်ခိုက်မှု" အခြေအနေတွေကို Di Xiaoshu အတော်လေး အလေ့အကျင့်ဖြစ်နေပါပြီ။ တချို့အကြောင်းပြချက်တွေကြောင့် စိတ်လှုပ်ရှားမှုတွေက မပျောက်ပေမယ့် အကြိမ်တိုင်း သူ့ရင်ခုန်သံတွေက ပိုပိုမြန်လို့လာပါတယ်။

ကျေးဇူးပြုပြီး ကျွန်တော့်ကို မစားပါနဲ့ // ဘာသာပြန် ||Complete||Where stories live. Discover now