4

3.7K 707 12
                                    

{Unicode}

နောက်တစ်နေ့ မနက်စောစောမှာ ဘေးနားက ရွစိရွစိအသံတွေကြောင့် Ling She နိုးလာပါတယ်။

မျက်လုံးတွေ ဖွင့်လိုက်တော့ မှောင်မည်းမည်း ဝိုးတဝါးအခန်းကိုသာ မြင်လိုက်ရပါတယ်။ ဒါနဲ့ပဲ မီးခလုတ်ဆီ လက်လှမ်းလို့ ဖွင့်လိုက်ပါတယ်။ မီးဖွင့်လိုက်ရော ဆံပင်ဖွာလန်ကျဲ၊ အဝတ်ဖုံးတစ်ဝက် ပေါ်တစ်ဝက်ကိုယ်လေးရယ် ကြောက်လန့်နေတဲ့အမူအယာနဲ့ အိပ်ရာဘေးမှာ မတ်တပ်ရပ်နေတဲ့ Di Xiaoshu ကိုတွေ့လိုက်ရပါတယ်။ ထွက်ပြေးဖို့ကြိုးစားနေတဲ့ ရာဇဝတ်သားကို လက်ရဖမ်းဆီးမိလိုက်သလိုပါပဲ။ သနားစဖွယ်ပုံရိပ်လေးကို သူဖြတ်ချပစ်လိုက်ပါတယ်။

"ဘာဖြစ်လို့လဲ Xiaoshu?... ဘာလို့ ထွက်သွားမှာလဲ?" Ling She က အခုမှ နိုးကာစဆိုတော့ အနည်းငယ် အိပ်ချင်မူးတူးဖြစ်နေပါသေးတယ်။ သူအနည်းငယ်ရွှေ့လိုက်ပြီး ရှည်ရှည်သွယ်သွယ် ချောမွေ့တဲ့ Di Xiaoshu ခြေထောက်ကို အများကြီးမတွေးဘဲ ဖက်လိုက်ပါတယ်။ ညည်းတွားတဲ့အသံလေးနဲ့ "နည်းနည်းလောက် ထပ်မှေးလိုက်ဦးလေနော်~"

ရုတ်တရက်ထွက်ပြေးနေရာကနေ Di Xiaoshu နှစ်စက္ကန့်လောက် ငြိမ်သက်လိုက်ပါတယ်။ သူ Ling She ကို ခါထုတ်လိုက်ပြီး သူ့ညဝတ် ဘောင်းဘီနဲ့တောင် တစ်ကြိမ်လောက် ရိုက်လိုက်ပါသေးတယ်။ "Ling!! She!!!" သူ လည်ချောင်းထဲက ခပ်အက်အက်ရှရှ အသံနဲ့ အော်လိုက်ပါတယ်။

"......" ချစ်စရာကောင်းတဲ့ Xisoshu လေး သူ့နာမည်ကို ကျယ်ကျယ်လောင်လောင်အော်ခေါ်တာ ဒါပထမဆုံးအကြိမ်ပါပဲ။ သူရဲ့အိပ်ချင်မူးတူး မူးဝေနေတဲ့စိတ်တွေ မြန်မြန်ပျောက်သွားပြီး အနည်းငယ်တုန်ယင်နေတဲ့ကောင်ငယ်လေးကို သူ ထပြီးငေးစိုက်ကြည့်လိုက်ပါတယ်။ "ဘာမှားနေလို့လဲ?"

"မင်းတို့ မျိုးနွယ်တွေက တကယ်ကြီး သန်မာကြတယ်ဆိုတာ ငါသိပါတယ် ပြီးတော့ မင်းတို့စားတာခံရတာကလည်း ငါတို့ရဲ့ သောက်မဟာအမှားကြောင့်ပါပဲ" လက်သီးကိုတင်းတင်းဆုပ်လို့ Di Xiaoshu လေးဟာ အလွန်အမင်း ဒေါသထွက်နေပုံပါပဲ။ ဒါပေမယ့် သူ့အသံကတော့ သူ့ပုံစံနဲ့ ဆန့်ကျင်ဘက် သူ့ကို သနားစဖွယ်ဖြစ်အောင် လုပ်နေပါတယ်။ "ဒါပေမယ့် မင်း ငါ့ကို ဒီပုံစံမျိုးနဲ့ မကစားသင့်ပါဘူး!!"

ကျေးဇူးပြုပြီး ကျွန်တော့်ကို မစားပါနဲ့ // ဘာသာပြန် ||Complete||Where stories live. Discover now