2

3.7K 719 35
                                    

{Unicode}

Ling She နဲ့ ဓါတ်လှေခါးထဲမှာ အချိန်ဖြုန်းရတဲ့ စက္ကန့်သုံးဆယ်က သူ့အတွက်တော့ "တစ်နေ့တာမှာ ဇောချွေးတွေအထွက်ဆုံး စက္ကန့်သုံးဆယ်"... "တစ်နေ့တာမှာ ခြေထောက်တွေမခိုင်ဆုံး စက္ကန့်သုံးဆယ်" ... "တစ်နေ့တာမှာ သတ္တိတွေပျောက်ဆုံးတဲ့ စက္ကန့်သုံးဆယ်" ဆိုပြီး နေ့တိုင်းခံစားနေရပါတယ်။

ဒီနေ့ ရုံးမှာ အမှားတစ်ခုကြောင့် ဘော့စ်က ဆူတဲ့အချိန်နဲ့ကို နှိုင်းယှဉ်လို့မရတဲ့ စက္ကန့်သုံးဆယ်တွေပါပဲ။

"ကောင်း......ကောင်းသောနေ့ပါ Mr. Ling"

နေ့တိုင်းလိုလို ဒီလိုတွေ့ဆုံနေမှုတွေကို တဖြည်းဖြည်း Di Xiaoshu အသားကျနေပြီဆိုပေမယ့် ရိုးရိုးသားသားပြောရရင် တစ်ခါခါကျ မဆုံအောင်လို့ "သွားစမ်းကွာ" လို့ပြောပြီး ၁၈ ထပ်အမြင့်ကို လမ်းလျှောက်တက်လိုက်ပေမယ့် အပေါ်လည်း ရောက်ရော Ling She က လွယ်လွယ်ကူကူနဲ့ သားကောင်မိသွားသလို လျှောက်လမ်းကိုဖြတ်ပြီး သူ့အခန်းတံခါးကို လာခေါက်မြဲပါပဲ။

"ဒီနေ့ရော လူများလို့လား Xiaoshu?" Ling She ကတော့ အမြဲတမ်းလိုလို ကြင်နာသနားတတ်တဲ့ မျက်နှာဖုံးကို သူ့အနားရောက်လာတဲ့အခါတိုင်း တပ်ဆင်ထားပြီး သူ့ကို ထောင့်စွန်းနား‌ရောက်‌အောင် တွန်းအားပေးနေပါတယ်။

"ဟုတ်..... နည်းနည်းပါ" အလုပ်ကို Di Xiaoshu က မြေအောက်ရထားသုံးပြီး အသွားအပြန် လုပ်ပါတယ်။ လူအများဆုံး ရုံးတက် ရုံးဆင်းချိန်နဲ့များ ကြုံရင် သူ့အဝတ်တွေက မသပ်မရပ်နဲ့ အိမ်ပြန်ရောက်ပြီဆို ချွေးသံတရွှဲရွှဲဖြစ်လို့နေပါတယ်။

"အာ.... ပြောရဦးမယ် တကယ်လို့ အရမ်းကို လူတွေများပြီး ကြပ်ညပ်နေရင်လေ.... နေ့တိုင်း မင်းကို အကြိုအပို့လုပ်ပေးလို့ရတယ်နော်" သူ့အသံက ကျယ်လောင်လောင်နဲ့ သြရှရှနိုင်ပါတယ်။ Di Xiaoshu ရဲ့ချွေးတွေကိုတောင် သူက ဆွဲဆောင်မှုရှိရှိ သုတ်ပေးလိုက်ပါသေးတယ်။

ဒါပေမယ့် ဒီအပြုအမူကြောင့် Di Xiaoshu ခမျာ ပိုလို့တောင် နေရထိုင်ရ အဆင်မပြေဖြစ်လို့သွားပါတယ်။ "အ....အို... မလိုပါဘူးဗျ..... Mr. Ling ကို ဒီလိုလုပ်ခိုင်းလို့ ဘယ်ဖြစ်ပါ့မလဲ...... မေ့ထားလိုက်ပါဗျ"

ကျေးဇူးပြုပြီး ကျွန်တော့်ကို မစားပါနဲ့ // ဘာသာပြန် ||Complete||Where stories live. Discover now