(Uni Vers...)
"အဂီ သောက်လဲသောက်ဖူး ....""ဟုတ်ပါ့ ...."
"တိုက်နဲ့တော့ ပြန်ဝတ်ကြစို့...."
ကျောပေးပြူးကုန်းလိုက်တော့ ဖြူဖြူဖွေးဖွေးမက်မွန်းသီးကို မြင်ဘိုက်ရသော ဂျောင်ဂုနဲ့ဂျီမင် ။ ဘောင်းဘီဝတ်ပြီး သူတို့ရှေ့က ထွက်သွားပေမယ့် သူတို့နှစ်ဦးမှာတော့ ထိုင်လျက်ငုတ်တုတ်မေ့နေသလို မက်မွန်သီးကို မျက်လုံးထဲက မထွက်ပေ ။
"ဂျောင်ဂုမရှိတော့ဖူး လိုက်ရှာမယ်....."
ဂျီမင်အသံကြားမှ ယခုမျက်မှောက်တို့ ရောက်ရှိလာသော အဖြစ် ။
"ဟမ်...."
ဂျီမင်ထွက်သွားရာကို ယောင်နနနဲ့ ဂျောင်ဂု လိုက်လာခဲ့ရသည် ။ဟော တွေ့ပါပြီ ။ မြက်ပင်ပေါ်မှာ တစ်ယောက်ခေါင်းတစ်ယောက်မှီပြီး အိပ်ပျော်နေလေရဲ့ ။
"ဪ ကောင်းပါ့ ဂျောင်ဂု ။ ငါတို့အောက်ပိုင်းကို ဒုက္ခပေးသွားပြီး သူတို့နှစ်ဦးကတော့ အေးအေးလူလူအိပ်နေကြလေရဲ့......"
"ပါးဖောင်းဖောင်းလေးက ငါ့အပိုင်နော် ဂျီမင်....."
"အသားဖြူဖြူဖွေးဖွေးလေးက ငါ့အပိုင် ဂျောင်ဂု...."
သူတို့နှစ်ဦးဆီမှ ပြိုင်တူထွက်ပေါ်လာသော အသံကြောင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ စိတ်လွတ်လက်လွတ်ရယ်မိလိုက်ကြသည် ။
"ဟေ့ ဟေ့ ထအုံး ဒီမှာ အိပ်နေရသလား ဟေ့....."
"ငါ့အိမ်မို့ငါအိပ်တာ ဘာဖြစ်လဲကွ ဟမ် ဘာဖြစ်လဲ....."
ဖြူလုံးကို လှုပ်ကာနိုးလိုက်တော့ မျက်လုံးကြီးမှိတ်ပြီး အော်လာလေရဲ့ ။ နေပါအုံး ဘယ်သူ့စီမှ အေအာ်မခံရတဲ့သူက ခု ဒီအမူးသမားစီက အအော်ခံရသည်တဲ့လား ။
"ဟေ့ ထ ဒါမင်းအိမ်မဟုတ်ဖူး ထ...."
"ငါအိမ်မဟုတ်ရင် ပွေ့ခေါ်သွားတော့ မင်းဖင် ငါဘုမှာစိုးလို့လား ခုချက်ခြင်း ငါ့အိမ်ခေါ်သွားစမ်း...."
တစ်ခြားသူသာဆို ဆွဲထိုးမိမှာအမှန်ပေမယ့် ဒီလူသားလေးက ချွင်းချက်ဆိုတော့ အမိန့်တော်မြက်အတိုင်း ပွေ့ချီလိုက်သည် ။ ခေါ်သွားမှာ ခင်ဗျားလေးအိမ်တော့မဟုတ်ဖူး ။ မကြာခင်တော်ရမယ့် ခင်ဗျားလင် ကျုပ်အိမ်ဆီကိုခေါ်သွားမှာ ဟက် ။