(Unicode)
"ကလေးငယ် ထတော့ .....""အွန်း အိပ်ချင်သေးတယ် ....."
"အိပ်ရောက်ရင် ဆက်အိပ်နော် လိမ္မာတယ် ကလေးငယ်က...."
"ယောင်းကဆိုးတယ် လိမ္မာဖူး အဲ့တော့ဘာဖြစ်ချင်လဲ...."
"ဆိုးလည်းချစ်တယ် လိမ္မာလည်း ချစ်တယ် ။ဘာဖြစ်ချင်လဲဆိုတော့ ဘုချင်တယ် ချစ်လွန်းလို့....."
မျက်စောင်းသာထိုးပြစ်လိုက်သည် ။ အားနေနေ ဒါပဲချောင်းနေသော သူ၏ ဒယ်ဒီပင် ။
"ချီ ။ ဘုဖို့ချီခိုင်းတာမဟုတ်ဖူး အိပ်ရေးမဝလို့ချီခိုင်းတာ ......"
ပွေ့ချီလိုက်ပြီး ပါးကို တစ်ရွတ်ရွတ်နမ်းတော့ ကလေးငယ်တစ်ယောက်လို တစ်ခစ်ခစ်နဲ့ရယ်နေသော သူ၏အပိုင်လေး ။ မင်းသာရှိရင် အရာရာပြည့်စုံပါပြီ ကလေးငယ်ရေ ။
"ဟင် အတွင်းရေးမှူးမပြန်သေးဖူးလား ...."
"ဟို CEO မပြန်သေးလို့ပါ ....."
"အာ နောက်ဆို အလုပ်ဆင်းချိန်အတိုင်းဆင်းပါ ကိုယ့်ကို စောင့်စရာမလိုဖူး...."
"ဟုတ်ကဲ့...."
ထယ်ယောင်းကို ပွေ့ချီခေါ်သွားသော CEO .နေ့လည်က ထယ်ယောင်းစကားကြောင့် အချစ်ဟာ ကစားဖို့မထိုက်တန်ဖူးဆိုတာ သိလိုက်ရသလို ။ အချစ်စစ်မှန်နဲ့ချစ်တဲ့သူအဖို့ အချစ်ဟာ လှပခြင်းအရာဆိုတာကိုပါ သူသိလိုက်ရသည် ။ တကယ်ချစ်တဲ့သူတွေအဖို့ ဖောက်ပြန်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်တာကိုကောပေါ့ ။
"နွန်း....."
"ဟင် royal လာကြိုတာလား...."
"ဒါပေါ့ ခုခေတ်ကာလာက မကောင်းဖူးလေ စိတ်မချဖူး ....."
အွန်း ထယ်ယောင်းဆီမှာရှ်ိတာဆိုလို့ ဂျွန်ဂျောင်ဂုဆိုရင် သူ့ဆီမှာရှိတာဆိုလို့ royalပဲရှိသည် ။ ခုရှိနေသော အရာလေးကိုတော့ မဆုံးရှုံးချင်ပါ ။ ထိုသို့မဖြစ်အောင်လဲ သူကြိုးစားဖို့ ဆုံးဖြတ်လိုက်သည် ။
"Royal...."
"ဟင်....."
"ငါကလေ အချစ်စစ်နဲ့ထိုက်တန်ဖို့ နောက်မကျသေးဖူးမလားဟင်......"