(Uni Vers.....)
"kiss ကို တကယ်ပဲမသိဖူးလား ဖြူလုံး...."
"ဒီမှာ ပတ်ဂျီမင်ရှီ မင်ယွန်းဂီ ဖြူလုံးမဟုတ်ဖူး ။ပြီးတော့ kissကို သိမှတော့ ခင်ဗျားတို့ကို ကျွေးခိုင်းမနေဖူး ကျွန်တော်ကိုယ်တိုင်ပဲ ယောင်းငယ်ကို ကျွေးမှာပေါ့ ....."
"သခင်လေး innocent လေးတွေ...."
"သိတယ် ....."
အိမ်တော်ထိန်းအပြောကို ဂျောင်ဂုနဲ့ဂျီမင် တစ်ပြိုင်နက်ထဲ ဝင်ထောက်ခံကြလေရဲ့ ။
"ဒီမှာ မင်ယွန်းဂီရှီ အဲ့kissကို ငါပဲကျွေးပိုင်ခွင့်ရှိတာ မင်းမရှိဖူး ...."
"ရှိရင်လည်း ကျွေးလိုက်ပါလား...."
"ဟုတ်တယ် အဂီ မကျွေးပဲနဲ့ ယောင်းငယ်နှုတ်ခမ်းကိုပဲ ဝါးစားတာ ဒီလူကြီးက လူညာကြီးပဲဖြစ်မယ်...."
နှုတ်ခမ်းတစ်ထော်ထော်နဲ့ ပြောလာသော ဂျောင်ဂုအပိုင်လေး ။ ဘာ လူကိုများ လူညာလေး ဘာလေးတဲ့ ။ သူ့အပိုင်လေးကို ဘယ်လို ရှင်းပြရပါ့မလဲ ။
"ကဲပါ အဲ့kissကို နောက်မှ တစ်ဝကြီးစားကြနော် ။ ခုတော့ မနက်စာလေး သုံးဆောင်ကြပါအုံး...."
"အာ ဟုတ်သား အဂီ အရမ်းစားလို့ကောင်းတယ် လာစား...."
ယွန်းဂီလက်ကိုဆွဲခေါ်ပြီး ဘေးနားထိုင်စေကာ သူစားသမျှကို ယွန်းဂီပန်းကန်ထဲ ထည့်ပေးနေသော ထယ်ယောင်း ။ ယွန်းဂီလည်း ထယ်ယောင်းထည့်ပေးသမျှကို လက်မလေးတစ်ထောင်ထောင်ဖြင့် အားရပါးရ စားနေလေရဲ့ ။
"စားကောင်းလား ...."
"အရမ်းအရမ်းကောင်းတယ်...."
ဂျီမင်အမေးကို လက်မလေးတစ်ထောင်ထောင်ဖြင့် အဖြေပြန်ပေးလိုက်သော မင်ယွန်းဂီ ။
"မြန်မြန်စား ယောင်းငယ် အလုပ်သွားရအုံးမှာ...."
"မသွားရပါဖူး....."
ယွန်းဂီအပြောကြောင့် ဂျောင်ဂုကော ဂျီမင်ကော ပြိုင်တူအော်လိုက်တော့ ထယ်ယောင်းကောယွန်းဂီကော လန့်သွားပြီး သူတို့နှစ်ယောက်ကို တစ်ယောက်တစ်လှည့်ပြူးကာ ကြည့်နေကြလေရဲ့။
"အဟမ်း ထယ်ယောင်းက ကိုယ့်ဆီမှာ အလုပ်လုပ်ရမှာ...."
"ယွန်းဂီကလည်း ကိုယ့်ဆီမှာ အလုပ်လုပ်ရမှာ...."