(Unicode)
"ဒယ်ဒီဂုဂီ.....""ဟင်...."
ပြောင်းလဲသွားသော သူ့အပိုင်လေးပုံစံကြောင့် သူ့မှာ ပါးစပ်အဟောင်းသား ။ ငွေမင်ရောင်ဆံနွယ်လိုင်းတွန့်လေးက ကလေးငယ်ကိုပိုနုပျိုသွားစေသည် ။ အဖြူရောင် တီရှပ်ပွပွလေးကို ကိုယ်ကြပ်ဘောင်းဘီအနက်နှင့်တွဲဖက်ဝတ်ဆင်ထားသည် ။
ချုံပြီးကြည့်လိုက်တော့ သက်ရှိကြွေရုပ်လေး သူ့နားရောက်နေသလိုပင် ။မဟုတ်ဖူး အလှနတ်ဘုရား သူ့နားရောက်နေသည့်အတိုင်းပင်။
"ဒါလေးက ငါ့အပိုင်တဲ့လား....."
တိုးတိုးလေး ရေရွတ်မိလိုက်သည် ။ သူ့အပိုင်လေးကို ဘယ်နားဖွက်ထားရင် ကောင်းမလဲ ။ ဒီပုံတိုင်းဆို သူ့အပိုင်လေးကို လိုချင်သူတွေ များတော့မှာပဲ ။ မမြင်အောင်သိမ်းဖို့ဆိုတာ လုံးဝမဖြစ်နိုင်တော့ ခက်ရချည်ရဲ့ ။ သူ့အပိုင်လေး လှသာသိပေမယ့် အလှနတ်ဘုရားတစ်ပါးကဲ့သို့ လှမည်မထင်ခဲ့သည်ကတော့ အမှန်ပင် ။
"ဒယ်ဒီ ယောင်း ဘယ်လိုနေလဲဟင် ....."
"ကိုယ် မင်းကို ဘယ်နားဖွက်ထားရင် ကောင်းမလဲတွေးနေတယ် ဘေဘီ....."
အယ် သူမေးတာက တစ်မျိုး ။ဒယ်ဒီဂုဂီ ဖြေနေတာက တစ်မျိုး ဖြစ်နေသလိုပဲ ။
"ဒယ်ဒီ ယောင်းမေးတာ အဲ့လိုမျိုးဟုတ်ဖူးလေ...."
"အွန်း သိတယ် ။ လှလွန်းအားကြီးနေလို့ ဘယ်သူမှမမြင်အောင် ဖွက်ထားချင်လာလို့....."
ဒယ်ဒီဆိုလိုရင်းက သူဟာ အရမ်းလှနေတာပေါ့ ။ လှတာလိုချင်တာ ဟုတ်ဖူးလေ ။ ဒယ်ဒီလိုမျိုး ကြည့်ကောင်းချင်တာလေ ။
"ယောင်း လှတာကြိုက်ဖူး ဒယ်ဒီလိုကြည့်ကောင်းချင်တာ......"
နှုတ်ခမ်းဆူကာ သူ့ကိုလည်း ခေါင်းစခြေဆုံး လက်ညိုးထိုးကာ ပြောလာသော သူ့အပိုင်လေး ။ကြည့်ကောင်းတဲ့သူဆိုတာ လှတဲ့လူနဲ့မှ ပိုလိုက်ဖက်တာလေကွာ ။
"ယောင်းက ကမ္ဘာပေါ်မှာ ကြည့်ကောင်းတဲ့သူ ပြီးတော့အလှဆုံးနဲ့ချစ်ဖို့အကောင်းဆုံးသူ ဟုတ်ပြီလား....."
"ဒယ်ဒီဂုဂီထက် ပိုပြီးတော့မလား...."
"ဒါပေါ့....."