(Unicode......)
"ဒီနေ့အလုပ်စဝင်ရမှာမလား နွန်း...""အွန်း ဟုတ်တယ်....."
"ထမင်းစားသွား ဗိုက်ဝနေမှအလုပ်လုပ်လို့ ကောင်းမှာ........"
သူ ခေါင်းသာ အသာငြိမ့်ပြလိုက်သည် ။ထိုနာမ်စားလေးကို royal မခေါ်ဖြစ်တာ ဘယ်လောက်ကြပြီလဲ ။ ommသူလည်း royalဆိုတဲ့နာမ်စားကို မခေါ်ဖြစ်တာလဲကြပြီလေ ။ လွမ်းနေခဲ့တာ နွန်းဆိုတဲ့ ခေါ်သံလေးကို ။
"ငါ အလုပ်မှာ ကံပိုကောင်းအောင် ထပ်ခေါ်ပေး နွန်း ဆိုတာကို ......"
"အွန်း မင်းအမြဲတမ်းကံကောင်းဖို့ ခုကစ အမြဲတမ်းခေါ်နေမှာ နွန်း......."
ပြုံးပြလာတယ် ။ ဖြူစင်တယ် ခုအပြုံးလေးက ။ မင်းအမြဲတမ်း ဖြူဖြူစင်စင်ပြုံးနိုင်ဖို့အတွက် ငါဘာတွေပဲ ပေးဆပ်ရပါစေ ပေးဆပ်မှာ နွန်း ။ ငါ့နှလုံးသားလေးက မင်းအပြုံးနဲ့မှ ရှင်သန်ရပ်တည်နိုင်မှာမို့ ။
"ငါ့အတွက်ရှင်သန်ခြင်းက မင်းပဲ နွန်း....."
"ဟမ် ဘာပြောလိုက်တာ....."
"များများစားလို့ အလုပ်ကောင်းကောင်းလုပ်နိုင်မှာ..."
"ငါအကြိုက်ဆုံးက မင်းလက်ယာလေ များများမစားပဲ မနေနိုင်ပါဖူးနော်....."
"ဟုတ်ပါပြီ စား....."
"ငါ ဒီနေ့ကစ မင်းအိမ်မှာပဲနေမှာနော် ။ ခေါ်ထားမယ်မလား....."
"မင်းသာနေချင်ရင် အဖိုးကြီးဖြစ်တဲ့အထိ ခေါ်ထားမှာ....."
"မင်း မိန်းမက ငြိုငြင်ရင်ရော....."
"ငါက မိန်းမ မယူဖူး ယောက်ျားယူမှာ ။သေချာတယ် အဲ့ဒီကောင်လေးကလည်း မင်းကိုဆိုငြိုငြင်မှာမဟုတ်တာ....."
မင်းကိုယ်တိုင်တော့ ငြိုငြင်ဖို့မဖြစ်နိုင်ဖူးလေ နွန်း ။
"ဘယ်သူဖြစ်မလဲ ငါ သိချင်တာ အဲ့ကောင်လေးက..."
"အချိန်တန်ရင်ပေါ့....."
နွန်း ခေါင်းငြိမ့်ပြလိုက်သည် ။ အွန်း အချိန်တန်ရင် ပေါ့ royal။
"ပျင်းနေရင် ကိုယ့်အလုပ်ဆီ လိုက်ခဲ့ပါလား....."
"အွန်း ပျင်းတယ်လိုက်မှာ ချီ......"