(Unicode)
"ဖြူလုံး.....""ဟင်...."
"ကိုယ်တို့ အရင်ဆုံးဟန်မြစ်ဘက် လမ်းလျှောက်ကြမလား....."
"အွန်း ဒယ်ဒီမင် သဘောလေ။ဒါနဲ့ ယောင်းငယ်တို့က ဘာလို့မလိုက်ခဲ့တာလဲ...."
"တစ်ခါတစ်လေတော့လဲ သူတို့လည်းကိုယ်တို့လို နှစ်ယောက်ထဲ အေးအေးဆေးဆေး လျှောက်လည်ချင်လို့နေမှာပေါ့...."
ဒယ်ဒီမင်အပြောလည်း ဟုတ်သည်မို့ သူခေါင်းအသာ ငြိမ့်ပြလိုက်သည် ။
"ခနမှေးချင်မှေးလေ ကိုယ်ရောက်ရင်နိုးမယ်...."
သူ ခေါင်းသာ အသာငြိမ့်ပြလိုက်သည် ။ ဘယ်လောက်အိပ်အိပ် အိပ်ရေးမဝသော သူ့ကိုယ်သူလည်း တော်တော်အံ့ဩပါသည် ။
တစ်ခါတစ်လေ ကိုယ့်ဟာကိုတွေးမိပါတယ် ။ အရင်ဘဝကများ တစ်ရက်မှမအိပ်ခဲ့ရလို့ ခုဘဝမှာ အအိပ်ကို မက်မောနေရတာလေ။ ထိုသို့တွေးမိတိုင်းလည်း အတိုးချအိပ်ဖြစ်သည်က ခပ်များများရယ် ။သူ့ဘဝမှာ အအိပ်သာလျှင် သူ့အတွက် နံပါတ်တစ်ဦးစားပေးဖြစ်လို့နေသည် ။ သူချစ်သော ဒယ်ဒီမင်ကတော့ နံပါတ်နှစ်ပေါ့။
"ဖြူလုံး ရောက်ပြီ...."
"ဟင် ဟုတ်....."
ကားပေါ်ကဆင်းပြီး ဒယ်ဒီမင်လက်ကိုတွဲပြီး ဟန်မြစ်ဘက်သို့ လမ်းလျှောက်ထွက်လာလိုက်သည်။ဒါက သူနဲ့ဒယ်ဒီတို့ တွေ့ဆုံသော နေရာလေးမလား။
"ဒယ်ဒီ ဒီနေ့မှ လူအရမ်းများနေသလားလို့ ။လက်ထဲမှာလဲ ပူပေါင်းကိုယ်စီနဲ့....."
သူ့စကားလည်းဆုံးရော ထိုလူအများစုသည် အသည်းပုံစံဖော်လိုက်ပြီး သူသည်လည်း ထိုအလယ်သို့ရောက်ရှိသွားသည် ။ ဒယ်ဒီကို ကြည့်လိုက်တော့ ဒူးတစ်ဖက်ထောက်လာပြီး
"ကိုယ်က romanticဆန်ဆန် မပြောတတ်ပေမယ့် ကိုယ်လျှောက်မယ့်လမ်းလေး သာယာဖြောင့်ဖြူးဖို့ ကိုယ့်ကို လက်ထပ်နိုင်မလား......"
နှစ်ခါစဉ်းစားမနေတော့ပဲ ခေါင်းအသွင်သွင်ငြိမ့်ပြလိုက်သည် ။ ပျော်လွန်းလို့ ကျဆင်းလာသော မျက်ရည်စကိုလည်း သူဖယ်ထုတ်ပြစ်မနေတော့ ဒီအတိုင်းလေးသာ ကျဆင်းခွင့်ပေးလိုက်သည် ။