[ Unicode ]
ကားစတီယာရင်ကို ထိန်းကိုင်ပြီး အရှိန်မှန်မှန်နဲ့မောင်းလာခဲ့တယ်။
ကျွန်တော့်ပုံဘေးနားက Huang Renjun ဆိုတဲ့နာမည်ရယ် ၊ အချက်အလက်တစ်ချို့ရယ်ကို ဖော်ပြထားတဲ့ ကားလိုင်စင်ကဒ်ကို မျက်လုံးတစ်ချက်ဝေ့ကြည့်လိုက်တယ်။
ကားလိုင်စင်ရတာမကြာသေးတဲ့သူတစ်ယောက်အဖို့ ဒီလိုခရီးရှည်ကို မောင်းလာရတာ ဘာမှမဖြစ်ပါဘူးဆိုရင် ကျွန်တော်လိမ်ရာကျမှာပေါ့။ ဒါပေမယ့်လည်း ပျော်စရာတော့ကောင်းသား။
မိုးကောင်းကင်ကလည်း ဒီနေ့မှပိုလှနေသယောင်။
ကျွန်တော်အခု မြို့ပြင်ဘက်ကို ရောက်နေပြီ။
ဒီလို ခရီးအဝေးကြီးကိုသွားနေတာ စိတ်အပန်းဖြေဖို့ သွားတာလည်းမဟုတ်ဘူး။
မိဘဆွေမျိုး ၊ အသိမိတ်ဆွေတွေဆီ အလည်သွားတာလည်းမဟုတ်ဘူး။
ပြောပြဖို့မလုံမလဲဖြစ်နေတဲ့ အကြောင်းပြချက်က
Lee Jeno ဆိုတဲ့ကောင်လေးပါပဲ။ဟုတ်ပါတယ်။
ယောကျာ်းလေးတစ်ယောက်ဖြစ်တဲ့ ကျွန်တော်Huang Renjun က တခြားယောကျာ်းလေးတစ်ယောက်ဖြစ်တဲ့ Lee Jeno ကိုတိတ်တခိုးလေးချစ်မိနေတယိဆိုတာအထိသာ အတန်းကလူတွေသိခဲ့ရင် ကျွန်တော့်ဘဝဟာ မတွေးရဲစရာပါပဲ။
ဒါပေမယ့်လည်း ချစ်မိပြီးသားလူတစ်ယောက်ကို ဆက်မချစ်တော့နဲ့လို့ နှလုံးသားကို အမိန့်ပေးလို့မှမရဘဲ။
ဒီလိုနဲ့ပဲ Jeno အပေါ်ထားတဲ့ ကျွန်တော့်ရဲ့တစ်ဖက်သတ်အချစ်က တစ်စတစ်စပိုမိုကြီးထွားလို့လာတယ်။
Jeno အကြောင်းပြောရမယ်ဆိုရင်တော့ ...
သိပ်ကိုကြည့်ကောင်းတဲ့ ၁၉နှစ်အရွယ် ယောကျာ်းတစ်ယောက်ပါ။
ယောကျာ်းပီသတဲ့ အရပ်အမောင်းရယ် ၊ အပြစ်ဆိုစရာမရှိတဲ့ ရုပ်အဆင်းရယ်နဲ့ ရွှေဇွန်းကိုက်မွေးလာတဲ့ သူဌေးသားတစ်ယောက်ပေါ့။
နောက်ဆုံးအချက်ကတော့ ကျွန်တော်သူ့ကိုအရူးအမူးချစ်မိနေတယ်ဆိုတာပါပဲ။