Ep - 2

393 48 18
                                    

                           Lee Jeno
                             ..........

မနက်ခင်းမှာ နိုးထလာ​တာနဲ့တစ်ပြိုင်နက် အမြင်အာရုံထဲ​နေရာယူနှင့်ထားတဲ့အရာဟာ ပင်လယ်ပြာပြာဖြစ်​နေလို့ စိတ်​ချမ်းသာရတယ်။

ဝရန်တာမှာ Didi ​လေးက ​ရောက်​နေပြီ။

" Didi ဗိုက်ဆာ​နေပြီလား "

အ​မွေးဖြူဖြူ​လေး​တွေနဲ့ဖုံးထားတဲ့ ​ခေါင်း​​လေးကို ပွတ်သပ်​မေး​တော့ တဝုတ်ဝုတ်နဲ့ပြန်​ဖြေ​လေရဲ့။

စီးကရက်တစ်လိပ်ကို ရှိုက်ဖွာရင်း ဝရန်တာက ကုလားထိုင်တစ်လုံးမှာထိုင်လိုက်တယ်။

ကျွန်​​တော်​ဆေးလိပ်​သောက်​နေတာသာ အ​ဖေသိရင် ဘယ်​လောက်​တောင် စိတ်တိုလိမ့်မလဲ။

သူ့သား​လေး လုံးဝ​ပြောင်းလဲသွားပြီထင်​နေတာ​​။

တစ်​တန်းလုံးရဲ့​​အောက်ဆုံးမှာပဲရှိ​နေတဲ့ အဆင့်က​နေ မိုးနဲ့​မြေလိုခြားနားတဲ့ ရလဒ်​တွေ တက္ကသိုလ်ဝင်ခွင့်စာ​မေးပွဲမှာထွက်လာ​တော့ မျက်လှည့်ပြကွက်တစ်ခုကို မြင်လိုက်ရသလို ဖြစ်သွားခဲ့ကြတာ​​လေ။

အ​ဖေဘယ်​လောက်​တောင်​ပျော်​နေခဲ့လဲဆို​​တော့ ပင်လယ်ကမ်း​ခြေနားမှာ ကျွန်​တော့်အတွက် ဒီအပန်း​ဖြေအိမ်ကို ဆုချခဲ့တဲ့အထိပဲ။

ကျွန်​တော်စာကြိုးစားခဲ့တဲ့အ​ကြောင်းပြချက်က မိဘ​တွေ​ပျော်​အောင် ၊ အနာဂတ်လှပ​အောင် ဒီလို​အ​ကြောင်း​ကြောင့်တော့ မဟုတ်ခဲ့ဘူး။

" သူ " တစ်​ယောက်​ကြောင့်ပဲ။

သူက သိပ်ကိုစာကြိုးစားတဲ့ စာကြမ်းပိုး​လေး​​လေ။

ကျွန်​တော်သူနဲ့ ​ကောလိပ်အတူတူတက်ချင်တယ်။

ဒါ​ကြောင့် စာကိုအသည်းအသန်လုပ်ခဲ့တာ။

မဟုတ်ရင် ကျွန်​တော်သူနဲ့ ​ဝေးသွားမှာ။

​သူ့မျက်နှာ​လေး ၊ အပြုံး​လေးကို တိတ်တခိုး​လေးလိုက်ကြည့်ချင်​သေးတယ်။

သူ့အ​ကြောင်း​တွေ ဒီထက်ပိုပြီးအများကြီး သိချင်​သေးတယ်။

Sweet But Bitter ( Completed )Where stories live. Discover now