Ep - 6 ( Ending )

539 47 15
                                    

[ Unicode ]

အတိတ်​တစ်​နေရာက ​နေ့ရက်တချို့ဆီ ပြန်သွားကြည့်ကြမလား ...
                          ×××

​မှန်တံခါး​ ပွင့်ပြီးသွားတာနဲ့ တစ်ပြိုင်နက် ​ခေါင်း​လောင်း​လေးဟာ မြည်ဟီးသွားတယ်။

Renjunတစ်​ယောက် ​ကြောင်နနနဲ့ ရပ်ကြည့်​နေမိခြင်းရဲ့ အ​ကြောင်းပြချက်ဟာ Lee Jenoဖြစ်​နေခဲ့တယ်။

တိတ်တခိုးချစ်​နေရတဲ့ Lee Jenoက သူအချိန်ပိုင်းလုပ်​နေတဲ့ ​ကော်ဖီဆိုင်​လေးထဲ​ရောက်​နေတယ်​လေ။

​ပျော်ရွှင်မိ​ပေမယ့် နည်းနည်း​တော့ရှက်ရွံ့မိရပါတယ်။ ဒါ​ပေမယ့် ဘာကို ရှက်ရွံ့​နေတာလဲ။

Lee Jeno က သူ့ကို ​သေချာ​တောင်မသိပါပဲနဲ့​လေ။

​ကောင်တာမှာ လက်​ထောက်​ပြီး ဘာမှာရမလဲစဥ်းစား​နေပုံရတဲ့ Lee Jenoက အချိန်​ဆွဲလွန်း​​နေပြီ။

" Chocolate Milkshake တစ်ခွက် "

Renjunအလုပ်လုပ်​နေတဲ့ ​ကော်ဖီဆိုင်​လေးဟာ လူသူသိပ်မလာတဲ့ ခပ်​သေး​သေး​ကော်ဖီဆိုင်ပါပဲ။

သည်ဆိုင်​လေးမှာ သူရယ် ၊ Jeno ရယ် ၂​ယောက်ပဲရှိ​နေတယ်။

Chocolate Milkshake တစ်ခွက်ပဲမှာထားတဲ့ Jenoတစ်​ယောက် ဆိုင်မှာထိုင်​နေ​​တာ အ​တော်​လေးကြာ​နေပြီ။

ခွက်​လေးထဲမှာလည်း ​ရေခဲတုံး​တောင်မကျန်​တော့ပါဘဲ မပြန်​သေးဘဲ ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်​နေ​လေရဲ့။ အဲ့ဒီလိုဆို​တော့ ​ကော်ဖီဆိုင်မှာ ဝိုင်ဖိုင်အလကား​ပေးထားတာလည်း မဟုတ်။ အချိန်အ​တော်ကြာမှ သူပြန်သွားတယ်။

​​ အဲ့ဒီ​နေ့က Jenoဟာ

Renjunကို မြင်ချင်လို့ ​ကော်ဖီဆိုင်​လေးဆီ တကူးတက လာခဲ့တယ်ဆိုတာရယ် ...

Renjunရှိ​နေတာ​ကြောင့်  ​ကောင်တာ​ရှေ့မှာ မိနစ်အ​တော်ကြာ​အောင် ရပ်​နေခဲ့တာရယ် ...

Renjunကို အချိန်အကြာကြီး တိတ်တခိုး​ငေးကြည့်​နေချင်ခဲ့လို့နောက်ကျမှ ပြန်သွားတာရယ် ...

ဒါ​တွေကို Renjun သိခဲ့ရင်ကောင်းမှာပဲ​နော်။

Sweet But Bitter ( Completed )Where stories live. Discover now