Ep - 5

298 44 8
                                    

                          Lee Jeno
                             ..........

Ten ဆွဲ​ပေးထားတဲ့ပန်းချီကား​လေးကို ကြည့်ရင်း ကျွန်​တော် ပြုံးမိတယ်။

လှတယ်။ လက်​တွေ့ဘဝက Huang Renjunက​တော့ ပိုလှတာ​ပေါ့။

​ယောကျာ်း​​လေးတစ်​ယောက်ကို သည်လိုသုံးနှုန်းလို့ရတယ်မလား။

​စကားလုံး​တွေမှာ ကန့်သတ်ချက်မရှိဘူးမလား။

Ten ကို​ကျေးဇူးတင်​ကြောင်း ဖုန်းဆက်​ပြောရမယ်ထင်တယ်။

Lee Jenoက " ​ကျေးဇူး " ဆိုတဲ့စကားကိုလွယ်လွယ်မ​ပြောတတ်ဘူး။

သို့​သော်ငြား Huang Renjunသာဆိုရင် မလုပ်ဖူးတဲ့အရာ​တွေကို လုပ်မိသွားတာပဲ။

သူ ကျွန်​တော့်အ​ပေါ် သိပ်ကိုလွှမ်းမိုးထားတယ်။

" Ten  ကိုဖုန်းဆက်လိုက်ရင်​ကောင်းမလား။ ဒီပုံက သူ့ဆီအပ်ထားတာ​လေ Di "

စကားမဆုံးခင် ဝင်လာတဲ့ဖုန်း​​က Seoraဖြစ်​နေတာ​ကြောင့် ​ကော့တက်​နေတဲ့ နှုတ်ခမ်း​ထောင့်စွန်း​တွေဟာ ​နေရာတကျပြန်ဖြစ်သွားတယ်။

ဘာ​တွေ ခြိမ်း​ခြောက်ပြန်ဦးမှာလဲ။

" ဘာဖြစ်​နေတာလဲ Seora။ ငါ​တောင်းပန်ပါတယ် ဖုန်းမဆက်နဲ့လို့​​ပြောပြီးပြီ​လေ "

" ​Jeno ငါ​ပြောတာနား​ထောင်ဦး။ နင် Renjunသတင်းကြားပြီးပြီလား "

Renjun ဆိုတဲ့နာမည်ကြောင့် ကျွန်​တော့်​ခေါင်း​ထောင်သွားတယ်။

" ဘာသတင်းလဲ "

" .. "

" ​ပြော​လေ Renjun ဘာဖြစ်လဲလို့ "

" မင်း စိတ်ကို​အေး​အေးထား​နော် Jeno "

" နင် ဘာဖြစ်​နေတာလဲ။ မြန်မြန်​ပြောစမ်းပါ "

သူမရဲ့ စိုးရိမ်တကြီးဖြစ်​နေတဲ့အသံ​ကြောင့် ကျွန်​တော် ပိုပြီးအထိတ်တလန့်ဖြစ်လာတယ်။

" Huang Renjun ကား ..ကားအက်ဆီးဒင့် နဲ့ဆုံးသွားပြီ "

လက်က​နေလွတ်ကျသွားတဲ့ဖုန်း​​လေးက​တော့ ကြမ်းပြင်နဲ့ မိတ်ဆက်သွားရရှာတယ်။

ယိုင်နဲ့နဲ့ဖြစ်သွားတဲ့ခန္ဓာကိုယ်ဟာ ရှိသမျှအားအင်​တွေ အကုန်ဆုတ်ယုတ်သွားသလို။

Sweet But Bitter ( Completed )Where stories live. Discover now