Ep - 3

298 40 16
                                    

                     Huang Renjun
                           ...........

​သေဆုံးခြင်း။

ကျွန်​တော့်အတွက် ​သေဆုံးခြင်းကပဲ ​ပျော်ရွှင်ဖွယ်ရာဖြစ်​နေတာလား မသဲကွဲဘူး။

ကျွန်​တော်အခု Lee Jeno​အိမ်​ရှေ့ကို​ရောက်​နေပြီ။

သူ​ဌေးသားလို့မ​ပြောရ​အောင် အိမ်ဟာ ခမ်းနားကြီးကျယ်လွန်း​နေတယ်။

အဲ .. ကျွန်​တော်က အခုဝိညာဥ်ပဲ​လေ။

သူ့အိမ်ထဲ ဘယ်လိုဝင်ရမှာလဲ။

ဘယ်အရာကိုမှလည်း ကိုင်လို့မရဘူး။

ကြံရာမရတဲ့အဆုံး တံခါးဝမှာပဲထိုင်​နေလိုက်တယ်။

ဟို Jung Jaehyumဆိုတဲ့သေမင်းက ဘယ်လိုလုပ်​ပေးလိုက်လဲမသိဘူး။

အိမ်ထဲအထိ​တော့ ပို့​ပေးခဲ့ရမှာ​ပေါ့။

​တစ်ခု​ပြောရဦးမယ်။ သရဲရုပ်ရှင်​တွေထဲမှာ အဖြူ​ရောင်ဝတ်စုံနဲ့ လူသား​တွေကို ​ခြောက်လှန့်တတ်ကြ​ပေမယ့် ကျွန်​တော့်မှာကျ အဖြူ​ရောင်ဝတ်စုံရယ်လို့လည်း မရှိ။

ထားပါ​တော့။ Jeno နားမှာ​နေခွင့်ရတဲ့ အချိန်ဟာ ည၁၂နာရီ အထိပဲတဲ့။

သည်ဟာကို​တော့ ဂရုတစိုက်မှာလိုက်​​ပေမယ့် အိမ်ထဲ​တောင် မပို့ ပေးလိုက်တဲ့ အကျင့်ပုတ်​သေမင်း။

ကျိန်ဆဲ​​နေတုန်းမှာပဲ ဆိုင်ကယ်တစ်စီးက အိမ်​ရှေ့မှာလာရပ်တယ်။

အထုတ်တစ်ထုပ်ချခဲ့ပြီး​တော့ လူ​ခေါ်ဘဲ(လ်)နှိပ်ပြီး ပြန်​မောင်းထွက်သွားတယ်။

ဘာအထုတ်ကြီးလဲလို့ စပ်စု​နေတုန်း " ကျွီ " ဆိုတဲ့အသံနဲ့အတူ တံခါးချပ်ကြီးဟာ ပွင့်လာတယ်။

Lee Jeno ...

အထုတ်ကို​ကောက်ပြီး​တော့ အိမ်ထဲပြန်ဝင်ဖို့လုပ်​နေပြီ။

တံခါးကိုပြန်ဆွဲမပိတ်ခင် အ​ပြေး​လေး အိမ်ထဲလိုက်ဝင်ရတယ်။

ဒီလိုမျိုးကျ​တော့ ရယ်စရာလည်း​ကောင်းသလို ၊ ရှက်စရာလည်း​ကောင်းတယ်။

ဝိညာဥ်ဘဝနဲ့ သူများအိမ်ထဲဝင်​နေတာ​လေ။

ဒါ​ပေမယ့် ကျွန်​​တော် ဝမ်းမနည်းတာ​တော့အမှန်ပဲ။

Sweet But Bitter ( Completed )Where stories live. Discover now