Ep - 1

774 53 8
                                    

[ Unicode ]

ကားစတီယာရင်ကို ထိန်း​ကိုင်ပြီး အရှိန်မှန်မှန်နဲ့​မောင်းလာခဲ့တယ်။

ကျွန်​တော့်ပုံ​ဘေးနားက Huang Renjun ဆိုတဲ့နာမည်ရယ် ၊ အချက်အလက်တစ်ချို့ရယ်ကို ​ဖော်ပြထားတဲ့ ကားလိုင်စင်ကဒ်ကို မျက်လုံးတစ်ချက်​ဝေ့ကြည့်လိုက်တယ်။

ကားလိုင်စင်ရတာမကြာ​သေးတဲ့သူတစ်​ယောက်အဖို့ ဒီလိုခရီးရှည်ကို ​မောင်းလာရတာ ဘာမှမဖြစ်ပါဘူးဆိုရင် ကျွန်​တော်လိမ်ရာကျမှာ​ပေါ့။ ဒါ​ပေမယ့်လည်း ​ပျော်စရာတော့​ကောင်းသား။

မိုး​ကောင်းကင်ကလည်း ဒီ​​နေ့မှပိုလှ​နေသ​ယောင်။

ကျွန်​တော်အခု မြို့ပြင်ဘက်ကို ​ရောက်​နေပြီ။

ဒီလို ခရီးအ​ဝေးကြီးကိုသွား​နေတာ စိတ်အပန်း​ဖြေဖို့ သွားတာလည်းမဟုတ်ဘူး။

မိဘ​ဆွေမျိုး​ ၊ အသိမိတ်​ဆွေတွေဆီ အလည်သွားတာလည်းမဟုတ်ဘူး။

​ပြောပြဖို့မလုံမလဲဖြစ်​နေတဲ့ အ​ကြောင်းပြချက်က
Lee Jeno ဆိုတဲ့​ကောင်​လေးပါပဲ။

ဟုတ်ပါတယ်။

​ယောကျာ်း​​လေးတစ်​ယောက်ဖြစ်တဲ့ ကျွန်​တော်Huang Renjun က တခြား​ယောကျာ်း​​လေးတစ်​ယောက်ဖြစ်တဲ့ Lee Jeno ကိုတိတ်တခိုး​လေးချစ်မိ​နေတယိဆိုတာအထိသာ အတန်းကလူ​တွေသိခဲ့ရင် ကျွန်​တော့်ဘဝဟာ ​မ​တွေးရဲစရာပါပဲ။

ဒါ​ပေမယ့်လည်း ချစ်မိပြီးသားလူတစ်​ယောက်ကို ဆက်မချစ်​တော့နဲ့လို့ နှလုံးသားကို အမိန့်​ပေးလို့မှမရဘဲ။

ဒီလိုနဲ့ပဲ Jeno အ​ပေါ်ထားတဲ့ ကျွန်​တော့်ရဲ့တစ်ဖက်သတ်အချစ်က တစ်စတစ်စပိုမိုကြီးထွားလို့လာတယ်။

Jeno အ​ကြောင်း​ပြောရမယ်ဆိုရင်​တော့ ...

သိပ်ကိုကြည့်​ကောင်းတဲ့ ၁၉နှစ်အရွယ် ​ယောကျာ်းတစ်​ယောက်​ပါ။

​ယောကျာ်းပီသတဲ့ အရပ်အ​မောင်းရယ် ၊ အပြစ်ဆိုစရာမရှိတဲ့ ရုပ်အဆင်း​ရယ်နဲ့ ​​ရွှေဇွန်းကိုက်​မွေးလာတဲ့ သူ​ဌေးသားတစ်​ယောက်​ပေါ့။

​နောက်ဆုံးအချက်​က​တော့ ကျွန်​တော်သူ့ကိုအရူးအမူးချစ်မိ​နေတယ်ဆိုတာပါပဲ။

Sweet But Bitter ( Completed )Where stories live. Discover now