အခန်း၁၂။ မောင့်ပင်လယ်နီ

303 32 22
                                    

ကျွန်တော် ရန်ကုန်ကိုရောက်တော့ ဖေဖေ့မိတ်ဆွေ ဦးသန်းထိုက်က လာကြိုသည်။ အိတ်တစ်လုံး ဖာတစ်တောင်းနှင့် ကျွန်တော့်အား ကြုံရာမီးရထားသာ တက်စီးသွားဟု မှာလိုက်သော ဖေဖေ့အား ကျွန်တော် ထိုနေ့က အခဲမကျေနိုင်ဖြစ်ခဲ့ရသေးသည်။ ဦးသန်းထိုက်( နောင်တွင် ကျွန်တော့်အဆောင်မှူး) က ကျွန်တော့်အား လှိုင်တက္ကသိုလ်နယ်မြေက ဘော်ဒါဆောင်သို့ သူ့ဝက်စ်ဂွန်းကားစုတ်ကလေးဖြင့် တင်ခေါ်သွားသည်အားမှတ်မိသေး၏။ မီးခိုးတွေက အူမဆုံးကိုး။ ကိုချစ်သန်းက ကျွန်တော့်အားအဆောင်တွင် စောင့်နေသည်။ နေ့လည်စာပါ တစ်ခါတည်းဝယ်ပေးထားသဖြင့် ကျွန်တော် ကျေးဇူးတင်မဆုံး။ အဆောင်ကအတော်ပင်ကောင်းသည်။ ဦးသန်းထိုက်ကတော့ ဖေဖေ့ကျေးဇူးကြောင့် ဒီလိုနေရာမှာ အခန်းရသည်ဟုပြောတော့ Erich Segal ရဲ့ "The Class" ထဲက အင်ဒရူးအဲလီယော့ကိုတောင် မြင်ယောင်လာသည်။ သူသည်လည်း သူ့ဘိုးဘေးအရှိန်ဖြင့် ဟားဗတ်၏ အဲလီယော့အဆောင်တွင်နေရသည်။ ကျွန်တော်သည်လည်း ဖေဖေ့အရှိန်ဖြင့် ဤမျှကောင်းသော လေးဘက်လေးတန် အုတ်နံရံနှင့် ပန်ကာတစ်လုံးပါသော အဆောင်ခန်းအားရခဲ့ပြန်သည်။

တက္ကသိုလ်ကျောင်းသားတစ်ယောက်တော့ ကျွန်တော်ဖြစ်ခဲ့ပြီ။

.............

တပ်ဦးလား ဒီမိုကရက်တစ်လား ရွေးမရဖြစ်ရသလို တင်းနစ်ကလပ်လား ဘေ့စ်ဘောကလပ်လား ရွေးရသည်ကလည်း အတော်ပင် ခက်ခဲလှသည်။ သို့ပေမဲ့ ညနေအတန်းချိန်တွေပြီးတိုင်း ကျောင်းရှေ့က လေးဆယ့်ငါးပြားတန် လက်ဖက်ရည်ဆိုင်မှာ ထိုင်ရသည်ကိုတော့ နေမျိုးသဘောကျနေခဲ့သည်။

"ကိုနေမျိုး ဒီနေ့နောက်ကျတယ်။"

သူလာတော့ သန်းမြင့်လေး က လက်ပြပြီး သူ့ဝိုင်းကိုအော်ခေါ်သည်။ သန်းမြင့်လေးဆိုသည်က ယင်းမာပင်နယ်သား။ အဆောင်တွင် သန်းမြင့်ကြီး တစ်ယောက်ရှိသေးသည်။ သူကတော့ တတိယနှစ်ကျောင်းသား။ မိတ္ထီလာက။ နေမျိုးတို့ အဆောင်မှာ roll ၈ ခုရှိပြီး နေမျိုးက ပထမနှစ်၊ နှစ်သစ်တန်းများ၏ roll မှူး ဖြစ်လာသည်။ ရှင်သန်ရာနယ်ပယ်က ကျယ်ပြန့်လာသည့်အခါ ဆံ့ဝင်ရသော အပေါင်းအသင်းကလည်း များလာ၏။ စရိုက်စုံတို့အားလည်း ထိတွေ့မိရ၏။ တက္ကသိုလ်ကျောင်းသားဖြစ်လာရခြင်းနောက်မှာ လွတ်လပ်ခြင်းနှင့် ထိန်းကွပ်ပဲ့ကိုင်ခြင်း အား နေမျိုးတစ်ယောက် သင်ယူခွင့်ရခဲ့သည်။ ကြို့ကုန်းရပ်ကွက်က စန္ဒာဝင်း လက်ဖက်ရည်ဆိုင်က သူတို့အဖွဲ့ ကျောက်ချရာနေရာ။

မောင့်ပင်လယ်နီDonde viven las historias. Descúbrelo ahora