Intro

4.6K 173 5
                                    

Lu မိသားစုသည် အလွန် အဆင့်အတန်းမြင့်သော မင်းမျိုးမင်းနွယ် ဖြစ်ပြီး လှပသော်လည်း သူတို့မိသားစုတွင် ဟာသတစ်ခု ပေါ်ပေါက်လာခဲ့သည်။ သမီးအရင်း မဟုတ်သူကို သူတို့ ပြုစုပျိုးထောင်မိခဲ့လေသည်။ သို့သော် အမွေဆက်ခံသူ အစစ်အမှန်သည် သူမ၏မှန်ကန်သောနေရာကို ရယူရန် ပြန်လည်ရောက်ရှိလာသည့်အခါ အယောင်ဆောင်သူအဖြစ် စွပ်စွဲခံရသော သူမ၏တုံ့ပြန်မှုကို လူတိုင်းက သိချင်တဲ့အတွက် အရမ်းပဲ စိတ်အားထက်သန်နေကြသည်...

  ချမ်းသာတဲ့ဘဝနဲ့ နေထိုင်ခဲ့ပြီးမှ ဆင်းရဲတွင်းထဲသို့ ရောက်သွားသော သူမ အဆင်ပြေချောမွေ့နိုင်ပါ့မလား။

  ပြောင်းရွှေ့ပြီးသည့်နောက်၊ ဟွာယောင် သည် ဤအတွေ့အကြုံသည် အလွန်စိတ်ဝင်စားဖွယ်ကောင်းလိမ့်မည်ဟု သူမ ထင်မိသည်။  သို့သော်၊ စိတ်ကူးနှင့် လက်တွေ့သည် အမြဲတမ်း ကွဲပြားလှသည်။

  အဖေ : "သမီး!  ဒီ Black Cardကို ယူလိုက်။ လုံးဝ အကန့်အသတ်မရှိဘူး!  လွတ်လွတ်လပ်လပ်သုံး"

  အမေ : "ချစ်သမီး ယောင်ယောင်!  ဒီလက်ဝတ်ရတနာတွေကို မကြိုက်ရင် ချက်ချင်းပြောင်းပေးမယ်။"

ဟွာယောင် : "..."

  သူတို့သည် သာမန်လူဆင်းရဲများ ဖြစ်သင့်သည် မဟုတ်ပါလား။  ဒီလို လျှို့ဝှက်ထားပြီး ခမ်းနားတဲ့ အပြုအမူက ဘာတွေလဲ။

  သူမ၏အကြီးဆုံးအစ်ကို၊ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ၏စီအီးအို- "ညီမလေး  ငါ့ကုမ္ပဏီကို အမွေဆက်ခံ!"

  သူမ၏ ဒုတိယအစ်ကို၊ ထိပ်တန်းရှေ့နေ- "ငါ့ညီမကို ဆဲဆိုဝံ့သူတိုင်း ဥပဒေအရ  ပြင်းထန်သော စွဲဆိုမှုကို ရင်ဆိုင်ရလိမ့်မယ်"

  တတိယအစ်ကို နိုင်ငံတကာ ဉာဏ်ကြီးရှင် ဆရာဝန်- "ငါ့ညီမကို အနိုင်ကျင့်နေတာလား။  ငါ့ဦးရေပြား ခွဲစိတ်ကုသမှုရဲ့ အစွမ်းသတ္တိကို ငါပြသလိုက်ရမလား။"

  လျှို့ဝှက်ဆန်းကြယ်သော စတုတ္ထမြောက်အစ်ကို- "ငါ့ညီမလေးက အချောဆုံးပဲ"

  ဟွာယောင်: "..."

  သူ့မိသားစုရဲ့ အခြေအနေက အလွန်ပဲ အဆင်မပြေဖြစ်ကြတယ် မဟုတ်ဘူးလား။

Bossကို အနိုင်ကျင့်သော ဆန်းကြယ်တဲ့သူမ Nơi câu chuyện tồn tại. Hãy khám phá bây giờ