ထွက်ခွာခြင်း

821 77 1
                                    

Chapter-6)- ထွက်ခွာခြင်း 
{ Zawgyi }

မင်ယွီက သူ့ရဲ့ရှေ့ကို ပို့လာတဲ့ ခရီးဆောင်အိတ်ကို ကြည့်ကာ ခဏလောက်နေတော့ သူမရဲ့ ပြောတဲ့စကားကို နားလည်သွားပြီး သူက ရယ်ပြုံးကာ မေးလိုက်တော့သည်။

" ဟုတ်ပါပြီ အခု မင်းကို ဘယ်ကို ပို့စေချင်လဲ" 

ဟွားယောင်က သူမရဲ့ လက်တွေ ပိုက်ထားရာမှ ဖျေချက် လိုက်သော်လည်း သူမရဲ့ ပုံစံက ပြေပြစ်လှပြီး အရမ်းပဲ လှနေသည်။  တစ်ချိန်ထဲမှာပဲ သူမ ကလန်ကဆန် ပြောလိုက်သည်။ 

"ရထားဘူတာရုံ"

သူမ အခုနေတဲ့ ခရိုင်က  သေးငယ်သော်လည်း ၎င်းရဲ့  ပထဝီဝင်တည်နေရာကတော့  အမှန်တကယ် ကောင်းမွန်ပါသည်။  ခရိုင်အတွင်း ရထားဘူတာငယ်တစ်ခု တည်ဆောက်ထားခဲ့သည်။  ဤခန္ဓာကိုယ် မူလပိုင်ရှင်ရဲ့ မိဘအရင်းတွေက  City S တွင် နေထိုင်ကြသည်။ City S သို့ မရပ်မနား သွားတဲ့ ရထားမရှိသဖြင့် လမ်းခရီးတွင် ရထားပြောင်းရမည်ဖြစ်ပါသည်။

မင်ယွီက သူမ စကားကြောင့် ပြုံးတဲ့ အမူအရာနဲ့ သူမကို ကြည့်ကာ မမေးပဲ မနေနိုင်ခဲ့ပေ။

  "မင်း တောင်းဆိုတာ အဲဒါပဲလား?"

"ဟုတ်တယ်လေ။"

ဟွားယောင်ကလဲ  ခေါင်းညိတ်ပြလိုက်သည်။

သူ့မျက်နှာပေါ်ရှိ ရှုပ်ထွေးနေတဲ့ အမူအရာကို ဖတ်ရင်း သူမက နောက်ထပ်နှစ်စက္ကန့်ကြာအောင် တွေးတောကာ ပြောလိုက်သည်။

"ကျွန်မရဲ့ ရှင့်အပေါ် ကြင်နာမှုကို ပြန်ဆပ်ဖို့ ဒီရိုးရှင်းတဲ့ နည်းလမ်းကို ရှင်လက်မခံနိုင်ဘူးဆိုရင် အဲ့နေရာအစား ကျွန်မကို လေဆိပ်ကို မောင်းပို့ပေးနိုင်တယ်။  နောက်ဆုံးတော့လဲ  ငါတို့က အိမ်နီးနားချင်းဖြစ်ခဲ့တာ တစ်နှစ်ရှိနေခဲ့ပြီ။  ဒါမဲ့လဲ ဒီနောက်ပိုင်း ထပ်ပြီး ပြန်မဆုံနိုင်တော့ဘူးလို့ ကျွန်မ ထင်တယ်။"

ရထားဘူတာသို့ မောင်းနှင်ရန် မိနစ် ၂၀ ခန့် ကြာမြင့်သော်လည်း လေဆိပ်သို့ ရောက်ရန် အနည်းဆုံး သုံးနာရီမှ လေးနာရီအထိ ကြာမည်ဖြစ်သည်။

မင်ယွီရဲ့ အမူအရာများက ပို၍ရှုပ်ထွေးလာသော်လည်း သူဝတ်ထားသည့် ဦးထုပ်ထိပ်အောက်တွင် ဖုံးကွယ်ထားခဲ့သည်။  ပုံမှန်အားဖြင့် သူသည် မည်သည့်အခြေအနေမျိုးတွင်မဆို ငြိမ်သက်စွာနေနိုင်သော်လည်း ယခုအချိန်တွင် တည်ငြိမ်မှုမရှိတော့သည့် ထင်ရှားသော လက္ခဏာများ ထွက်ပေါ်လာသည်။

Bossကို အနိုင်ကျင့်သော ဆန်းကြယ်တဲ့သူမ Donde viven las historias. Descúbrelo ahora