သမီးအရင်းနဲ့ သမီးအတု

1K 101 1
                                    

Chapter-2) - သမီး အရင်းနဲ့ သမီး အတု 
{Zawgyi}

အမှန်အတိုင်းပြောရရင် ဟွားယောင် က ဒီခန္ဓာကိုယ်ကို ရောက်ရှိလာပြီးကတည်းက ဒီနေရာကို သေချာကြည့်ရှုဖို့ အချိန်မရှိခဲ့ချေ။

ထိုအိမ်သည် ရှေးခေတ်ဆန်ပြီး ကျေးလက်ဆန်သောအသွင်ဖြင့် ရှိနေသည်။  ခြံရှေ့တွင် ခြံဝင်းတစ်ခုပါသော နှစ်ထပ်တိုက်ဖြစ်သည်။  နံရံပေါ်တွင် အုတ်နီခဲများနှင့် ခေါင်မိုးပေါ်တွင် အနက်ရောင် ကြွေပြားများ တပ်ဆင်ထားသည်။  နံရံများပေါ်တွင် အရောင်တင်ဆီ မသုတ်ထားတဲ့အပြင်  ကြွေပြားများ မတပ်ထားခဲ့ဖူးပါ။  ပြုပြင်မွမ်းမံမှု မရှိသောကြောင့် ဖုန်မှုန့်များနှင့် အဝါရောင် အစွန်းအထင်းများသည် နံရံများ၏ အချို့နေရာများသို့ ရှိနေခဲ့သည်။

အတိုချုပ်ပြောရလျှင် ဤအိမ်သည် 1980 ခုနှစ်များ၏ စံပုံစံကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည်။  တစ်ကယ်တော့ အိမ်က ဟောင်းနွမ်းစုတ်ပြတ်နေပြီဖြစ်သည်။

ဟွားယောင် နှာခေါင်းကို ပွတ်လိုက်သည်။  သူမသည် ဤကြမ်းတမ်းသော ပတ်ဝန်းကျင်တွင် တစ်နှစ်ကြာနေထိုင်နေခဲ့သည်။  ရုတ်တရက်ဆိုသလိုပင် သူမသည် ခက်ခဲသော အခြေအနေများနှင့် လိုက်လျောညီထွေဖြစ်အောင် နေဖို့ဆိုတာ သူမကို ခက်ခဲစေခဲ့သည် ။

ထိုအချိန်တွင် စူးရှသော အသံသည် ရုတ်တရက် ရပ်တန့်သွားသည်။

အနက်ရောင် ဇာဂါဝန်ကို ဝတ်ဆင်ထားသည့် ဟဲရှောင်မန် သည် အခန်းထဲမှ ထွက်လာခဲ့သည်။  သူမလည်ပင်းတစ်ဝိုက်တွင် ခရမ်းရောင်ပဝါတစ်ထည်ရှိပြီး နူးညံ့သိမ်မွေ့သောပုံစံဖြစ်အောင်  မိတ်ကပ်များဖြင့် လိမ်းခြယ်ထားသည်။  သူမ၏ဆံပင်ကို ထုံးထားပြီး စိန်ဆံထိုးဖြင့် ထိုးထားသည်။  သူမနှင့်ပတ်သက်သမျှအရာအားလုံးက စည်းစိမ်ဥစ္စာရှိကြောင်း ကြွားဝါထားကြသည်။  ဟွားယောင် ခြံထဲမှာ ရပ်နေတာတွေ့တော့ သူမ အံ့သြသွားသည်။

သို့သော် ဟဲရှောင်မန်သည် လျင်မြန်စွာပဲ သူမ၏ အာရုံများ ပြန်လည်ကောင်းမွန်လာသည်။  ရှုပ်ထွေးသောအမူအရာများသည် သူမ၏ မျက်လုံးနက်နက်တွင် ပေါ်လာသည်။  "ဒီမှာ နင်ဘာလုပ်နေတာလဲ?"  လို့ အေးစက်စက်အသံဖြင့် သူမမေးလိုက်သည်။

Bossကို အနိုင်ကျင့်သော ဆန်းကြယ်တဲ့သူမ Where stories live. Discover now