Chapter-4) - သွန်ချခြင်း
{Zawgyi}ဟွားယောင် အဖွားဖြစ်သူအား စိတ်ပူသွားသည်။ စက္ကန့်အနည်းငယ်ကြာတော့ အဖွားရဲ့လက်ကောက်ဝတ်ကို စမ်းကြည့်လိုက်တယ်။ "ရင်ဘတ်အောင့်နေပြန်ပြီလား" သူမ၏ အသံမှာ စိုးရိမ်ကြောင့်ကြ နေလေသည်။
ယန်ချီဟွာ သည် သူမ၏ ဖြူဖျော့နေသော နှုတ်ခမ်းများသည် ပြုံးပြလိုက်သည်။ သူမက ဟွားယောင်၏လက်ကိုဆွဲကာ ခေါင်းယမ်းလိုက်သည်။ ထို့နောက် သူမသည် တည်ငြိမ်သောလေသံဖြင့် စိတ်မပူဖို့ ပြောသည်။
"အဖွား အဆင်ပြေပါတယ်။ အရင်က ဖြစ်တဲ့ ရောဂါဟောင်း တစ်ခု သာသာပါပဲ။ ဘာမှ စိတ်မပူပါနဲ့ "
ဟဲရှောင်မန်သည် ရုတ်တရက် အမေဖြစ်သူရဲ့ ပြောစကားကြောင့် ထိတ်လန့်သွားသည်။ သူမ ကိုယ့်ကိုကိုယ် ထိန်းကာ ဟွားယောင်ရဲ့လက်ကို ဖယ်ထုတ်လိုက်ပြီး သူ့အမေကို မေးသည်။
"မေမေ အဆင်ပြေရဲ့လား ဘယ်လိုနေသေးလဲ။ သမီးတို့ အမေ့ကို ဆေးရုံပို့ပေးရမလား"
သူမလက်ကို တွန်းဖယ်လိုက်သောအခါဟွားယောင်က မျက်မှောင်ကြုတ်လိုက်သည်။ သူမသည် ဟဲရှောင်မန် ကို တစ်စက္ကန့်လောက်ကြည့်ပြီး ခေါင်းယမ်းပြီးနောက် အထဲသို့ ဝင်သွားခဲ့သည်။
ဟဲရှောင်မန် က လူနာတင်ကားကို ခေါ်ဖို့ သူ့ဖုန်းကို ထုတ်လိုက်တယ်။ တစ်ချိန်တည်းမှာပင် သူမသည် ဟွားယောင်ကိုလဲ ဆူပူကြိမ်းမောင်းဖို့ မမေ့ခဲ့ပါ။
"မေမေ၊ အဲဒါကို မြင်လား အဲဒါ အမေ ပြုစုပျိုးထောင်ခဲ့တဲ့လူပဲ။ အခု ကြည့်လိုက် သူမက ဘာမှမဖြစ်သလိုပဲ အထဲကို ဘယ်လိုများ ဝင်သွားနိုင်တာလဲ။ အမေ နေမကောင်းတာ ဒီလောက်သိသာနေတာကို။ "
ဟဲရှောင်မန်သည် သူမကို ကြည့်ကာ ရွံရှာစွာဖြင့် ခေါင်းခါလိုက်ပြီး နံပါတ်တစ်ခုကို စတင်ခေါ်ဆိုလိုက်သည်။
ခဏကြာတော့ ဟွားယောင်က သူ့လက်ထဲမှာ ခွက်တစ်လုံးနဲ့ ပြန်ရောက်လာခဲ့တယ်။
ဟဲရှောင်မန်က သူ့ဖုန်းကို ချလိုက်ပြီး လှည့်ကြည့်လိုက်တော့ ဟွားယောင်က သူ့အမေကို တစ်ခုခုတိုက်နေတာကို မြင်လိုက်ရတယ်။ ဟဲရှောက်မန်သည် သူမထံမှ အမြန်ခွက်ကိုယူကာ သန့်စင်သောရေမဟုတ်ကြောင်း တွေ့ရှိခဲ့သည်။ သူမ ဒေါသတကြီး အော်ပြောတော့သည် ။
YOU ARE READING
Bossကို အနိုင်ကျင့်သော ဆန်းကြယ်တဲ့သူမ
RomanceThis is not my story, just translation. Credit to original author and eng trans author 🙏🙏. Eng name- Miracle pill maker bullies the boss