ကျေးဇူးပြန်ဆပ်ဖို့ အခွင့်အရေး

530 72 0
                                    

Chapter-5) ကျေးဇူး ပြန်ဆပ်ဖို့ အခွင့်အရေး 
{ Zawgyi }

ဟွားယောင်က အဘွားကို နူးညံ့စွာ ပြုံးပြလိုက်သည်။  ထိုအပြုံးက သူမရဲ့ မျက်နှာပေါ်မှာ မြင်ရခဲပြီး ရှားပါးတဲ့ အရာတစ်ခုဖြစ်တယ်။  သူမက အဘွားဖြစ်သူရဲ့ ဆံပင်ဖြူဖြူလေးတွေကို ကလေးတစ်ယောက်ရဲ့ ခေါင်းကို ပွတ်သလိုမျိုး လုပ်ပေးလိုက်ကာ ငြိမ်သက်တည်ငြိမ်တဲ့ အသံနဲ့ ပြောတယ်။

"ကျွန်မ အခု တခြားကျောင်းကို ပြောင်းရွှေ့ဖို့ စာရွက်စာတမ်းတွေ အသင့်ဖြစ်နေပါပြီ။  အဲဒါကြောင့် ကျွန်မ ဒီက ထွက်သွားဖို့ အချိန်တန်နေပြီ။ ပြီးတော့ အဘွားလဲ ကိုယ့်ကိုယ်ကို ဂရုစိုက်ပြီး ဆေးကို အချိန်မှန် သောက်နော်။  ကျွန်မ City Sကို ရောက်ရင် အဘွားဆီ
လာလည်ပါ့မယ်။ "

သူမရဲ့ နူးညံ့သိမ်မွေ့တဲ့ အသံနဲ့ အထိအတွေ့တွေကြောင့် ယန်ချီဟွာလဲ ဘာမှ ဆက်မပြောတော့ပေ။  ခဏအကြာမှာတော့ သူမက ဟွားယောင်ရဲ့ လက်ကလေးကို ကိုင်ပြီး သူမစကားကို သဘောတူလက်ခံကြောင်း ပြောလိုက်တယ်။

" ကောင်းပါပြီ အဘွား သမီးပြောတဲ့ အတိုင်း လုပ်မယ်"

" ဟုတ်ပါပြီ။"  ဟွားယောင်ကလဲ သူမစကားကို နားထောင်တဲ့ အဘွားကြောင့် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

တစ်ဖက်က ဟဲရှောင်မန်ကတော့ သူမ အရှေ့က မြင်ကွင်းကို မြင်ပြီး မကျေနပ်နိုင်ပေ။ သူမဘက်က ဘယ်လောက်ပဲ ပြောပြော သူမပါးစပ်တွေ ရေဓာတ်ခမ်းခြောက်တဲ့ထိ ပြောတာတောင် သူမမိခင်ကတော့ သူမစကားကို သဘောတူခြင်းမရှိပဲ သူမနဲ့ အတူ မြို့ကို လိုက်ဖို့ကို ငြင်းဆန်ခဲ့တယ်။ ဒီတောရိုင်းဆန်တဲ့ ကလေးမရဲ့ စကားကိုကျတော့ ဘယ်လိုတောင် နားထောင်ရတာလဲ။  သူမက ဘာတွေနဲ့ သူမအမေကို ဆွဲဆောင်လိုက်သလဲ မသိပေ။ 

ဒီမိန်းကလေးက တခြားလူတွေကို ဘယ်လောက်တောင် ထိန်းချုပ်နိုင်တာလဲ။  သူမ သူ့ကို တကယ်ပဲ လျှော့တွက်မိလိုက်တယ် ထင်ပါရဲ့။

ထိုအချိန်တွင် လူနာတင်ယာဉ်က အိမ်ကို ရောက်လာတော့သည်။

ဟဲရှောင်မန်ရဲ့ ညွှန်ကြားချက်ကြောင့်ပဲ ယန်ချီဟွာကို ဆေးကုသသူများက လူနာတင်‌ယာဉ်ဆီသို့ ခေါ်ဆောင်သွားကြသည်။ သို့သော် သူတို့ ဆေးရုံကို မသွားမီမှာပဲ ဟဲရှောင်မန်က ဟွားယောင်ကို ဒီမှာ ဆက်မနေတော့ဖို့ ထပ်ပြီး သတိပေးခဲ့ပါသေးသည်။

Bossကို အနိုင်ကျင့်သော ဆန်းကြယ်တဲ့သူမ Where stories live. Discover now