ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shinစာစဉ် 49 Chapter 721 သတ်ဖြတ်ခြင်း ဂြိုဟ်နယ်မြေ
ဖျောင်ကျိုးဝမ် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲလိုက်သည်ကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် ကမ္ဘာဂြိုဟ်ပေါ်မှ ယဲ့ဖန်တစ်ယောက် ပြင်းထန်စွာ တုန်လှုပ်သွားရသလို သူ့လက်ထဲမှ သွေးမျိုးစက် အပိုင်းအစသည်လည်း ချက်ချင်း အက်ကွဲသွားလေသည်။
"ဝမ်အာ"
ယဲ့ဖန်၏မျက်လုံးမှနေ၍ သွေးမျက်ရည်များ စီးကျလာကာ လူသတ်ချင်စိတ်များက တစ်ဟုန်ထိုး ထွက်ပေါ်လာသည်။
ဂျွတ်!
ခြံဝန်းငယ်လေးထဲရှိ အိမ်ကြမ်းခင်းနှင့် ခြံဝန်းတစ်ခုလုံး၌ အက်ကွဲရာများ ထင်ဟပ်လာပြီး ဖျောင်ထိုက်ရှင်းတို့ သုံးယောက်လုံး လိပ်ပြာလွင့်မတတ် ကြောက်ရွံ့လာကြသည်။
"အရှင် စစ်နတ်ဘုရား ..."
ဖျောင်မိသားစု သုံးယောက်လုံး တုန်လှုပ်နေကြသည်။ ယဲ့ဖန်၏ အရှိန်အဝါအောက်၌ သူတို့နှင့် အခြားသူများသည် ပုရွက်ဆိတ်များကဲ့သို့ အားနည်းလှသည်ဟု ခံစားမိလာကြသည်။
"အရှင် စစ်နတ်ဘုရား သွေးမျိုးဆက် အပိုင်းအစထဲမှာ ဘာများ ဖြစ်သွားလို့ပါလဲ"
ဤသည်က ဖျောင်ကျိုးဝမ်နှင့် ပတ်သက်နေသည်ဟုသာ ဖျောင်ထိုက်ရှင်း သိထားသည်။ သို့သော် သူ၏ခွန်အားကြောင့် အဖြစ်အပျက်အားလုံးကို သူ သေချာ ကြည့်၍မရပေ။
ယဲ့ဖန် ဘာမှပြန်မပြောချေ၊ သူ့မျက်လုံးထဲမှ လူသတ်လိုစိတ်များက ပို၍သာ တိုးပွားလာသည်။
ဒေါက်! ဒေါက်! ဒေါက်!
ထိုစဉ် ခြေသံတစ်သံ ထွက်ပေါ်လာပြီးနောက် သူတောင်းစားအိုကြီး ခပ်သွက်သွက် ရောက်လာသည်။ သူသည် မယုံနိုင်စရာကောင်းသော တစ်စုံတစ်ရာကို တွေ့လိုက်ရသကဲ့သို့ အဆောတလျင် ဖြစ်နေ၏။
"ယဲ့ဖန် ဒါကို ကြည့်ပါဦး"
သူတောင်းစားအိုကြီးက ယဲ့ဖန်ကိုမြင်သည်နှင့် သူ့လက်ထဲမှ အရာတစ်ခုကို ဖြန့်ပြလေသည်။ ထိုအရာကား ဆေးပင်တစ်မျိုး ဖြစ်နေသည်။ ဆေးပင်တစ်ခုလုံးသည် အသက်ရှိနေသကဲ့သို့ ၎င်း၏ဆူးချွန်များကို လှပ်ပြနေသည်။
