Part(3)

6K 171 0
                                    

          အပိုင်း(၃)

"သခင်လေး မမလေးမရှိတော့ဘူး..."

"ဘာ!..."

စည်းနှင့်Black အလုပ်ကိစ္စဆွေးနွေးပြီး၍ အပြင်သွားရန် အောက်ထပ်ရောက်လာတော့ သူတို့ဆီအလောတကြီးနဲ့ ပြောလာတဲ့ ခဏက အပေါက်ဝမှာ စောင့်နေတဲ့နှစ်ယောက်။

"မင်းတို့ရှိနေတာကို ဘယ်လိုထွက်သွားတာလဲ..."

"မမလေးက ခဏက ပစ္စည်းလာပို့တဲ့ကားနဲ့ပါသွားပုံပါ ခြံထဲကလူတွေလည်းမရှိပါဘူး..."

"တောက်စ်...ချက်ချင်း CCTVကို သေချာပြန်ကြည့် Blackမင်းလူတွေနဲ့ချိတ်ဆက်ပြီး ရအောင်ရှာ...(၁၅)မိနစ်အတွင်း ရအောင်ရှာ..."

"ဟုတ်ကဲ့ပါသခင်လေး..."

"မင်းတို့နှစ်ယောက် အပြစ်ပေးခံရဖို့ပြင်ထား..."

"‌ဗျာ သခင်လေး..."

အစောင့်နှစ်ယောက် သိသိသာသာ သွေးပျက်သွားကြသည်...အမှားလုပ်လို့အပြစ်ပေးရင် သေလမ်းတစ်လမ်းသာရှိတာကြောင့်ပင်။

"မင်းကိုတွေ့ရင် အဲ့ခြေတောက်တွေကို ရိုက်ချိုးပစ်မယ်...သသ"

အလျော့ပေးပြီး လွှတ်ထားခဲ့တာကို ငါ့ကို ဆန့်ကျင်တယ်...

🌺~🌺~🌺~🌺~🌺~🌺~🌺~🌺~🌺

"ကလေးမက Devilကလပ်ကို ဘာလာလုပ်တာလဲ..."

"လူတစ်ယောက်ကို လာရှာတာပါ..."

သသရဲ့စကားကြောင့် ကားမောင်းသူဦးလေးကြီး က သတိထားဖို့ပြောသည်။

"ဦးလေးကြီး ဖုန်းလေးခဏငှားပေးပါ ဖုန်းဆက်ချင်လို့..."

"အော ဒီမှာပါ.."

"ကျေးဇူးပါ..."

သသ ကိုကိုရဲ့ဖုန်းနံပါတ်ကို နှိပ်ကာခေါ်လိုက်သည်...အချိန်အတော်ကြာ ဆက်တိုက်ခေါ်နေပေမဲ့ ဖုန်းမကိုင်ခဲ့ပေ။

"ကလေးမ ရောက်ပြီ..."

"ကျေးဇူးပါ ဒီမှာ ဦးလေးကြီးဖုန်း ကျေးဇူးပါ..."

"ရပါတယ် ကလေးမသာ ‌ဂရုစိုက်ပါ လမ်းမှားမရောက်စေနဲ့..."

"ဟုတ်...."

ဦးလေးကြီးက သသကို ဘယ်လိုထင်နေသည်မသိ ဆုံးမစကားပြောပြီး သွားခဲ့သည်။

ဦးကို မုန်းခွင့်ရချင်တယ်.../ဦးကို မုန်းခွင့်ရချင်တယ်...[Completed]Nơi câu chuyện tồn tại. Hãy khám phá bây giờ