အပိုင်း(၁၉)
ရှယ်ယာရှင်အစည်းအဝေးကို ခေါ်လိုက်တဲ့သူက ဦးကောင်းသက်ဖြစ်ပြီး တက်ရောက်သူက ရာသက်ပန်ဖြစ်နေသည်။ အံ့ဩမိပေမဲ့ အထူးအဆန်းဖြစ်နေတာမျိုးတော့မဟုတ်ပါ။ ဗီဒီယိုကိုတင်လိုက်တယ်ဆိုကတည်းက သိပြီးသား။
ဒါပေမဲ့ မီတင်မှာပြောသွားတဲ့ စကားတွေမှာ ရာသက်ပန်က စည်းကိုထုတ်ပစ်ဖို့နဲ့ကွာရှင်းစေဖို့ကိုသာ အကြံပြုသည်။
စည်းဘက်က တစ်ဝက်၊ ထုတ်ပစ်ဖို့ရွေးချယ်တာက တစ်ဝက်ဖြစ်တာကြောင့် စည်းဆီက ဖြေရှင်းချက်ကိုစောင့်ဖို့ဆုံးဖြတ်လိုက်ကြသည်။
မီတင်ကို စည်းပြန်ရောက်မှ ထပ်လုပ်ဖို့ဆုံးဖြတ်လိုက်တာကြောင့် ပြီးသွားခဲ့သည်။ ရှယ်ယာရှင်တွေ တစ်ယောက်ပြီးတစ်ယောက်ထွက်သွားပေမဲ့ Blackကတော့ ရာသက်ပန်ကိုသာ စိုက်ကြည့်နေလျက်။
"နေဦး "
ထွက်သွားတော့မဲ့ဆဲဆဲမှာ Blackရဲ့စကားကြောင့် ရာသက်ပန်ခြေစုံရပ်လိုက်သည်။
"ပြောစရာကျန်သေးလို့လား "
"မင်းဘာလို့ဒီလိုလုပ်ရက်တာလဲ ရာသက်ပန် "
"သက်ဘာလုပ်လုပ် ရှင်နဲ့ဆိုင်လို့လား "
"ဘာ!..."
အရင်က ဦးBlackလို့ခေါ်တတ်တဲ့နှုတ်ခမ်းပါးက အခုတော့ ရှင်တဲ့။ အရင်က ရိုးသားတဲ့မျက်ဝန်းတွေက အခုတော့ ခန့်မှန်းမရအောင်ရီဝေနေသည်။ အမြဲတမ်း သခင်လေးနဲ့မမလေးအပေါ် မကောင်းတာမလုပ်ဖူးတဲ့သူက အခု ဒီလိုလုပ်နေသည်တဲ့။
Black ရာသက်ပန်ကို ဘာစကားမှမပြောဘဲ စူးစမ်းကြည့်ကာ ရာသက်ပန်ရဲ့မျက်နှာချင်းဆိုင်ကို လျှောက်လာသည်။
"ပြောစရာမရှိရင် ခွင့်ပြုပါဦး သက်လုပ်စရာတွေရှိသေးတယ် "
"ရပ်စမ်း "
ဒေါသသံပါတဲ့စကားနဲ့အတူ ကျောခိုင်းသွားတဲ့ ရာသက်ပန်ရဲ့လက်ကို စောင့်ဆွဲ့ကာ မျက်နှာချင်းဆိုင်စေသည်။ Blackရဲ့လုပ်ရက်ကြောင့် သက်ရဲ့လက်လေးနာသွားရသည်။
"အာ့ "
"မင်းပုံစံအစစ်ကဘာလဲ "
"ရှင်...လွှတ်စမ်း "
ESTÁS LEYENDO
ဦးကို မုန်းခွင့်ရချင်တယ်.../ဦးကို မုန္းခြင့္ရခ်င္တယ္...[Completed]
Romanceစည်းချက်ညီညာ + အိမ်မက်သခင် စည်းက မိသားစုအတွက် လက်စားချေဖို့ သသကိုအနားမှာ ခေါ်ထားခဲ့ရာမှ ချစ်မိသွားတဲ့ ဝတ္ထုလေးပါ။ စည်းချက်ညီညာက မိသားစုအတွက် ချစ်ရသူကို စွန့်လွှတ်မှာလား?... မဟုတ်ရင် ချစ်ရသူအတွက် လက်စားချေတာကို စွန့်လွှတ်မှာလား?... စည္းခ်က္ညီညာ + အိမ...