အပိုင်း(၂၇)
"ဒါဆို သသ မဟုတ် မမလေးက!.."
"ကိုကြီးကြိုက်သလိုခေါ်လို့ရတယ် အခု သသကကိုကြီးရဲ့ညီမလေးပဲကို"
သသဘယ်လောက်ပဲ ပြောပြော Blackက စည်းထံကနေခွင့်ပြုချက်ကို လှမ်းတောင်းနေဆဲဆိုတာ အကြည့်တွေက သက်သေပင်။
"ကဲ ကိုကြီး အခုကိုကြီးက ဝါကြီးတယ် ဦးကိုဘေးဖယ်ထားလိုက်"
"ဟား..ဟား "
သသအပြောကြောင့် ကျန်သူတွေဝိုင်းရယ်ကြသလို စည်းနှုတ်ခမ်းမဲ့သွားသည်။ မျက်နှာကလည်း ပုတ်သိုးသွား၏။
"တွေ့မယ် မင်း အိမ်ရောက်မှ "
"ဒါနဲ့ဘယ်လိုဖြစ်ပြီး မြန်မြန်သိသွားတာလဲ "
"ကိုကိုကြောင့် အမြန်သိခွင့်ရတာ "
သသစကားကြောင့် Blackက သခင့်ကို ကျေးဇူးတင်စွာလှမ်းကြည့်သည်။
"သသသိသိချင်း အရမ်းကိုမယုံနိုင်ဖြစ်ခဲ့ရတာ ကိုကြီးက ညီမရှိကြောင်းတစ်ခါမှမပြောဖူးဘူးလေ ပြီးတော့ သသကိုသတ်မယ်လို့ခြိမ်းခြောက်တဲ့သူက သသအစ်ကိုဖြစ်လာမယ်လို့ ထင်တောင်မထင်ထားဘူး အခုထိအိမ်မက်လို့ထင်နေတုန်းပဲ"
"အဲ့အတွက် တောင်းပန်ပါတယ် အဲ့တုန်းက ကျွန်တော် အဲ ကိုကြီး သခင်လေးကို စိတ်ပူလို့ပြောခဲ့မိတာ"
"သိပါတယ် ကိုကြီးက ဦးအတွက်ဆို ဘာမဆိုလုပ်ပေးတဲ့သူပဲလေ"
"အဟွန်း "
Blackက ထပ်ပြီး သသကိုယ်လေးကိုဖက်မလို့ လုပ်ချိန်မှာ ကြားထဲကနေ စည်းက Blackကိုယ်ကြီးကို လှမ်းဖက်သည်။
"မင်းညီမနဲ့တွေ့တာ ဝမ်းသာပေမဲ့ ဖက်တော့မဖက်နဲ့ လက်ကိုင်တာနဲ့တင်လွန်ပြီ"
Blackနားကို ကပ်ပြောပြီး တင်းကြပ်စွာဖက်လိုက်သည်။ စည်းရဲ့စကားကြောင့် Blackပြောစရာစကားတွေပျောက်ကုန်ရသည်။
"သခင်လေးက မောင်နှမချင်းလည်း သဝန်တိုတတ်တာပဲလား"
သခင် ထိုမြင်ကွင်းကိုကြည့်ပြီး ခြေလှမ်းတွေတဖြည်းဖြည်းနောက်ဆုတ်လိုက်သည်။
ESTÁS LEYENDO
ဦးကို မုန်းခွင့်ရချင်တယ်.../ဦးကို မုန္းခြင့္ရခ်င္တယ္...[Completed]
Romanceစည်းချက်ညီညာ + အိမ်မက်သခင် စည်းက မိသားစုအတွက် လက်စားချေဖို့ သသကိုအနားမှာ ခေါ်ထားခဲ့ရာမှ ချစ်မိသွားတဲ့ ဝတ္ထုလေးပါ။ စည်းချက်ညီညာက မိသားစုအတွက် ချစ်ရသူကို စွန့်လွှတ်မှာလား?... မဟုတ်ရင် ချစ်ရသူအတွက် လက်စားချေတာကို စွန့်လွှတ်မှာလား?... စည္းခ်က္ညီညာ + အိမ...