အပိုင်း(၁၈)
"ဖြန်း "
"အသုံးမကျတဲ့ သမီး "
ဦးကောင်းသက် အိမ်ပြန်ရောက်ရောက်ချင်း ရာသက်ပန်ရဲ့ပါးကို စိတ်တိုစွာရိုက်သည်။ ယောကျာ်းတစ်ယောက်ရဲ့အားပါပါရိုက်ချက်ကြောင့် ရာသက်ပန်မျက်နှာ လည်ထွက်သွားသည်။ အသားဖြူသူမို့ လက်ရာက ပါးမှာအထင်းသားပေါ်လာသည်။
"အာ့ "
"စည်းကို ပိုင်ဆိုင်ဖို့ကြိုးစားခိုင်းတာကို တခြားသူနဲ့ရအောင် ကူညီပေးတယ် အသုံးမကျလိုက်တဲ့သမီး"
"အဖေ "
သူမမွေးလာကတည်းက ဒေါသကြီးပြီးစိတ်တိုတဲ့ အဖေ့ရဲ့ပုံစံကို တစ်ခါမှမမြင်ဖူးပါ။ အခုပထမဆုံးမြင်ရခြင်းကြောင့် သက်အရမ်းကိုအံ့ဩသွားရပြီး မယုံကြည်နိုင်ခြင်းများနဲ့။
"စည်း ဟန်းနီးမွန်းက ပြန်လာရင် စည်းကို သူငယ်ချင်းလက်ထဲက ရအောင်ပြန်ယူ "
"အဖေ ဒါကတော့ "
"မင်းက ငါ့သမီးပဲ ငါ့သမီးက ငါ့ကိုဆန့်ကျင်လို့မရဘူး ပြောရင်ပြောတဲ့အတိုင်းဖြစ်အောင်လုပ် Blackဆိုတဲ့နောက်လိုက်ခွေးကို စိတ်ထဲကထုတ်လိုက် ရာသက်ပန်"
"အဖေ ဘာဖြစ်နေတာလဲ ဘာလို့အခုလိုပုံစံဖြစ်သွားရတာလဲ ဘာလို့ အဖေနဲ့မတူအောင် ပြောင်းလဲသွားတာလဲ"
"ထပ်အတွန့်မတက်နဲ့ သက် ငါက မင်းအဖေ အဲ့တာကြောင့် ငါ့စကားနားထောင်ရမယ်"
"နားမထောင်နိုင်ဘူး အဖေ သက်မလုပ်နိုင်ဘူး"
"ကောင်းပြီလေ မင်းမလုပ်ရင် ဆွဒ်ဇလန်မှာရှိတဲ့ မင်းအမေရဲ့ကျန်းမာရေးစရိတ်ကို ထောက်ပံ့တာရပ်လိုက်မယ်"
"အဖေ "
သက် အံ့ဩလွန်း၍ မျက်ရည်တွေပင်ဝိုင်းလာရပြီး တစ်ကယ်ကိုမယုံကြည်နိုင်စွာ အဖေ့ကိုကြည့်မိသည်။ ဦးကောင်းသက်ရဲ့မျက်ဝန်းတွေကတော့ ခက်ထန်နေလျက်..
"သေချာစဉ်းစား သက် လုပ်ချင်တာထက် လုပ်သင့်တာကို ဦးစားပေးရမယ် စည်းကို အဖေ့သမက်အဖြစ်မတော်ရရင် ဖျက်စီးပစ်မယ် ဒီအချိန်က အကောင်းဆုံးအချိန်ပဲ"
VOCÊ ESTÁ LENDO
ဦးကို မုန်းခွင့်ရချင်တယ်.../ဦးကို မုန္းခြင့္ရခ်င္တယ္...[Completed]
Romanceစည်းချက်ညီညာ + အိမ်မက်သခင် စည်းက မိသားစုအတွက် လက်စားချေဖို့ သသကိုအနားမှာ ခေါ်ထားခဲ့ရာမှ ချစ်မိသွားတဲ့ ဝတ္ထုလေးပါ။ စည်းချက်ညီညာက မိသားစုအတွက် ချစ်ရသူကို စွန့်လွှတ်မှာလား?... မဟုတ်ရင် ချစ်ရသူအတွက် လက်စားချေတာကို စွန့်လွှတ်မှာလား?... စည္းခ်က္ညီညာ + အိမ...