Part(14)

4.5K 123 0
                                    

        အပိုင်း(၁၄)

လွန်ခဲ့သော (၁၅)နှစ်ခန့်>>>

"ဒီစာချုပ်မှာ လက်မှတ်ထိုးလိုက်ပါ "

"မဟုတ်သေးဘူး ကိုသခင်ပိုင် Angleလုပ်ငန်းစုရဲ့ရှယ်ယာ(၂၅%)က  ကျွန်တော်ပိုင်တာပါ ဘာလို့ခင်ဗျားကို လွှဲပေးရမှာလဲ "

"အခုဖြစ်နေတဲ့ အလွှဲသုံးစားမှုကြောင့် CEOရာထူးကနေ ဖယ်ပေးဖို့လိုအပ်တယ် ဒီကိစ္စကို ကျွန်တော်တစ်ယောက်တည်းကပဲ ကိုင်တွယ်နိုင်မှာ အဲ့အတွက် ခင်ဗျားရှယ်ယာတွေကို ကျွန်တော့်ဆီလွှဲပြောင်းပေးရမှာ "

"ဒါပေမဲ့ "

"ခင်ဗျားက ထောင်ထဲသွားပြီး အချိန်ကုန်မလို့လား ခင်ဗျားဇနီးကို မသက်ညာရင်တောင် ခင်ဗျားသားနဲ့သမီးကို မသက်ညာလို့ဘယ်ဖြစ်မလဲ သူတို့မှာ အနာဂတ်ရှိသေးတယ်လေ "

ဦးသခင်ပိုင်ရဲ့ခနဲ့တဲ့တဲ့စကားကြောင့် စည်းအဖေမျက်နှာပျက်ကာ စည်းရဲ့အမေဆီလှမ်းကြည့်တော့ စိုးရိမ်ပူပန်နေတဲ့ မျက်ဝန်းနဲ့သာ ဆုံလိုက်ရသလို လွှဲပေးသင့်တယ်ဆိုတဲ့ အကြည့်မျိုးသာရလိုက်သည်။

"ကျွန်တော်သွားတော့မယ် သေချာစဉ်းစားပြီး ဆုံးဖြတ်ပါ အချိန် နာရီ(၂၀)ရမယ် "

ဦးသခင်ပိုင် အိမ်အပြင်ဘက်ရောက်ချိန်မှာ စည်းတို့မောင်နှမကျောင်းဆင်း၍ ပြန်လာချိန်နှင့်တိုးသည်။

"ကိုစည်း အဲ့တာဘယ်သူလဲသိလား "

"မသိဘူး လာပါ ဆူး အိမ်ထဲဝင်ရအောင် "

"ဟုတ် "

ဆူးခတ်ပန်းက စပ်စုစွာနဲ့ ဦးသခင်ပိုင်ကို အကဲခတ်ပေမဲ့ စည်းကတော့ ဂရုမစိုက်ဘဲ ဆူးလက်ကို ဆွဲခေါ်သွားသည်။

🌺~🌺~🌺~🌺~🌺~🌺~🌺~🌺~🌺

ထိုအဖြစ်အပျက်ပြီးနောက် တစ်ပတ်အကြာ>>>

၂၀၀၅ခုနှစ် အောက်တိုဘာလ (၂၂)ရက်နေ့>>>

ဆူးခတ်ပန်းရဲ့ မွေးနေ့>>>

ည(၁၁)နာရီအချိန် လမ်းရှင်းစအချိန်၌ ကားလမ်းကိုဖြတ်ကူးလာတဲ့မိန်းကလေးတစ်ယောက်...ဆူးခတ်ပန်း လက်ထဲမှာလည်း မုန့်မျိုးစုံထည့်ထားတဲ့ အိတ်ကို ကိုင်ထားသည်။

ဦးကို မုန်းခွင့်ရချင်တယ်.../ဦးကို မုန်းခွင့်ရချင်တယ်...[Completed]Donde viven las historias. Descúbrelo ahora