Zawgyi
အခန်း ၂၃- စိတ်တိုနေတာက အရမ်း Sexyကျသည်။
အစေခံကို Maryက မေးမြန်းပြီးနောက် Monroeသည် ဤအချိန်တွင် နေ့တိုင်း အလုပ်လုပ်နေကြောင်း သူမ သိလိုက်သည်။
အချိန်အတော်ကြာ ရှာဖွေပြီးနောက် နောက်ဆုံးတွင် သူမသည် စာဖတ်ခန်းကို တွေ့ခဲ့သည်။ Maryတံခါးခေါက်ခါနီးမှာ ရင်းနှီးတဲ့ ညည်းသံကို ကြားလိုက်ရတယ်။
F*ck! တိုက်ဆိုင်လိုက်တာ! နောက်တစ်ခေါက် ထပ်နှောင့်ယှက်မိတော့မလို့!
Mary ဂရုတစိုက်နားထောင်ပြီး သူ့ကိုနှောင့်ယှက်မိသွားကြောင်း သတိပြုခဲ့တယ်။
Mary၏မျက်နှာသည် အလိုအလျောက် တုန်လှုပ်သွားသည်။ သူမဘယ်လိုတောင်ကံကောင်းနေတာလဲ။
s*xလုပ်တဲ့လူတွေနဲ့ပဲ ဘာလို့ အမြဲတမ်းတိုးနေတာလဲ။
သူမ အချစ်တွေ ကင်းမဲ့နေတာ ကြာလို့လား။
Maryထွက်သွားတော့မဲ့ချိန် ရုတ်တရက် အသံတစ်ခုက သူမကို "ရပ်လိုက်! ဘယ်သူလဲ?"
Maryသည် နီရဲနေသောနှုတ်ခမ်းနှင့် ဖြူဖွေးနေသော သွားများဖြင့် နုပျိုသော ရုပ်ရည်ကို မြင်လိုက်သည်။ သူကဆံပင်ဖြူနှင့် အနက်ရောင်ဝတ်ဆင်ထားသည်။ သူ အမြန်လျှောက်လာသည်။
"မင်းဘယ်သူလဲ? မင်းဒီမှာဘာလို့ရပ်နေတာလဲ" လူငယ်လေးသည် Maryကို ခေါင်းမှ ခြေဖျားအထိ ကြည့်လိုက်သည်။ သူ့မျက်လုံးများက အံ့အားသင့်စရာအသွင်အပြင်ကို ဖော်ထုတ်ပေးသော်လည်း လျင်မြန်စွာ ဖျောက်လိုက်ကာ သူ့မျက်နှာပေါ်တွင် စူးစူးရှရှ အရိပ်အယောင်တစ်ခု ရှိနေသည်။
"ရှူး–"
Maryက လူငယ်လေး စကားမပြောဖို့ တားချင်ပေမယ့် အရမ်းနောက်ကျသွားပြီ။ သူ့နောက်က တံခါးက 'ဝုန်း' ခနဲ့ ပွင့်သွားတယ်။
Monroeက Maryလည်ပင်းကို ဖမ်းကိုင်ပြီး နံရံစီ တွန်းလိုက်တယ်။ ထို့နောက် သူမကို သတ်ပစ်မဲ့အမူရာနဲ့ စိုက်ကြည့်နေသည်။
"မင်းပဲလား Mary Dawson! မင်းငါ့ကို ထပ်ပြီးနှောင့်ယှက်ရင် ငါမင်းကို သေချာပေါက် ပေးဆပ်ရအောင်လုပ်မယ်လို့ပြောထားတယ်လေ"
YOU ARE READING
ငါ့အမေရဲ့ဒုတိယအိမ်ထောင်ကငါ့ကိုအစ်ကိုခုနစ်ယောက်လက်ဆောင်ပေးခဲ့တယ်
RomanceTitle: My Mom's Second Marriage Gifted Me Seven Brothers Author: Jay English Translator: EndlessFantasy Translation Genre: Drama, Romance This contain mature content. #credit to original author and translators. I didn't own this and just trans...