Chapter : 160

1K 74 1
                                    

Zawgyi

အခန်း ၁၆၀-မစ်ရှင်အသစ်

သူမထိုင်ဖို့ လက်ဟန်ပြတော့ အဲ့ဒီလူက သူမနှင့် မျက်နှာချင်းဆိုင်ထိုင်ဖို့ တွန့်ဆုတ်မနေဖူး။

Big Bad Wolfက ထိုင်ပြီး ပြုံးတယ်။ "ငါ့genderက မင်းကို စိတ်မသက်မသာဖြစ်စေရင် အဆင်ပြေပါတယ်၊ မင်းငါ့ကို မိန်းမတစ်ယောက်အနေနဲ့ ဆက်ပြီးဆက်ဆံနိုင်တယ်။ အဲဒါ မင်းကို ပိုပြီးသက်တောင့်သက်သာဖြစ်စေတယ်ဆိုရင်။"

Maryက ပြုံးပြီး ခေါင်းယမ်းတယ်။ "ကျွန်မက အဲ့လောက်တယူမသန်ပါဘူး။ ဒါပေမယ့် ရှင်က ဘာလို့ ကျွန်မကို ရုတ်တရက် တွေ့ချင်တာလဲ။"

အလုပ်၏အထူးအကြောင်းရင်းများကြောင့် Big Bad Wolfသည် အလုပ်များဝေငှခြင်း၊ အလုပ်အပြီးရှင်းပေးခြင်းနှင့် အန္တရာယ်ကြုံလာသောအခါတွင် သူမအား သတိပေးခြင်းအပါအဝင် အချိန်တိုင်းတွင် သူမအား တိုက်ရိုက်ဆက်သွယ်ပေးသူဖြစ်သည်။

Big Bad Wolfက သူ့ကိုယ်သူ အရင်မိတ်ဆက်တယ်။ "ငါ့နာမည်က Ya။ မင်းငါ့ကို Big Bad Wolfလို့လဲ ခေါ်နိုင်တယ်။"

Maryခေါင်းညိတ်ပြတယ်..

သူမတည်ငြိမ်နေသည်ကို Yaမြင်လိုက်ရပြီး "လေ့ကျင့်ရေးဆင်းတာကလွဲရင် မင်းက လအတော်ကြာအောင် အလုပ်လုပ်နေတာမလား။ အထူးသဖြင့် ဒီတစ်ခေါက်မစ်ရှင်မှာ မင်းက အရမ်းထူးချွန်တယ်လို့ အထက်အရာရှိတွေက ယူဆတယ်။ ငါတို့ လူခုနစ်ယောက်၊ ရှစ်ယောက်ကို ဆုံးရှုံးခဲ့ရပြီး မင်းတစ်ယောက်တည်းသာ အောင်မြင်စွာ လွတ်မြောက်ခဲ့ရုံသာမက ဒီအမှုကို ပြီးပြည့်စုံစွာ အဆုံးသတ်နိုင်ခဲ့သူဖြစ်တယ်။

"ဒါကြောင့် အထက်အရာရှိတွေက မင်းကို ဆုတံဆိပ်နဲ့ ဆုကြေးငွေပေးဖို့ ဆုံးဖြတ်လိုက်တယ်။ ဆုကြေးကတော့ US$ 50,000ဖြစ်တယ်။ ဗျူရိုမှာကျင်းပမယ့် ဂုဏ်ပြုအစည်းအဝေးမှာ ဆုတံဆိပ်ကို ပေးအပ်သွားမှာ ဖြစ်တယ်။"

ဒါက Maryအတွက် အရမ်းကောင်းတယ်။ ဟုတ်တယ် သူမ အရမ်းပျော်တယ်။ "ကောင်းပြီ၊ ဂုဏ်ပြုပွဲအတွက် နောက်တစ်ကြိမ် ဗျူရိုကို ပြန်သွားလိုက်မယ်။"

သူမ ဘယ်လောက်ပျော်နေလဲဆိုတာကို မြင်တော့ Yaက မပြုံးနိုင်ဘဲ မနေနိုင်။ "ပြီးတော့... Isidoreကတော့ မင်း သူ့ဈာပနကို သွားမှာလား။"

ငါ့အမေရဲ့ဒုတိယအိမ်ထောင်ကငါ့ကိုအစ်ကိုခုနစ်ယောက်လက်ဆောင်ပေးခဲ့တယ်Where stories live. Discover now