Chapter : 29

3.8K 431 5
                                    

Zawgyi

အခန်း ၂၉- မျက်နှာကို ဖြတ်ရိုက်တာက မြန်လွန်းတယ်။

Jenniferသည် မောင်နှမများ၏မျက်လုံးတွေကို အပြန်ပြန်အလှန်လှန် လိုက်ကြည့်ရင်း သူမစောင့်နိုင်တော့ပေ။

"Darling Monroe ငါတကယ် နေမကောင်းဘူး။ Miss Dawsonက ငါ့ကို ဖုန်းဆက်ပြီး မေးခိုင်းဖို့ကို ရှင်မေးပေးနိုင်မလား။ ငါသူမကို အရင်ဖြေပြီး အနားယူဖို့သွားတော့မယ်"

သူမသည် မွေးမြူရေးခန်းထဲဝင်လာတုန်းက စိတ်အားထက်သန်နေပြီး သွေးတွေဖုံးလွှမ်းနေတဲ့ အခန်းထဲကျ အနည်းငယ်‌အဆင်မပြေသလို လုပ်နေတာကို တွေ့လိုက်ရသည်။

"ဘာတွေအလောတကြီးဖြစ်နေတာ? မစ္စJennifer စိတ်ရှည်ပါ။ ရှင်ဆိုဖာပေါ်မှာ ခဏလောက်ထိုင်ပြီး ဘာလို့မစောင့်တာလဲ"

Jenniferသည် Monroeကို မျှော်ကြည့်လိုက်သော်လည်း Monroeသည် Mary၏စကားများကို လုံးဝသဘောတူပုံရသည်။

Jenniferသည် အားကိုးရာမဲ့နေသည်။ ဆိုဖာမှာလည်း သွေးတွေ အများကြီးပေနေတာကို သူမတွေ့တယ်။ သူမအဲ့ဒါကို သည်းခံလိုက်ပြီး နောက်ဆုံးတွင် သဘောတူလိုက်ပြီး အိမ်အကူကို ကူညီခိုင်းသည်။

Maryက Monroe၏ပူးပေါင်းဆောင်ရွက်မှုကို ပိုပြီးကျေနပ်လာခဲ့သည်။

"အလောင်းကို အထဲသယ်ဖို့ တစ်ယောက်ယောက်ကို ခေါ်လိုက်။"

အိမ်အကူ၏အလောင်းကို အထဲသို့ သယ်လာခဲ့သည်။

Maryက Jenniferကို "မစ္စJennifer ဒီအမျိုးသမီးကို သိလား"

Jenniferက အိမ်အကူကို တစ်ချက်ကြည့်လိုက်ပြီး "မသိဘူး"

သူမအမူအရာသည် အလွန်တည်ငြိမ်နေသည်။

Maryသည် သူမစိတ်ထဲတွင် လှောင်ရယ်နေသည်။ "ရှင် သူမကို တကယ်မသိတာလား?"

Jenniferက Maryကို ကြည့်နေတယ်။ "Miss Dawsonက ဘာကိုပြောချင်တာလဲ။ ရဲတိုက်ထဲမှာ အစေခံတွေက အနည်းဆုံး တစ်ရာ့ရှစ်ဆယ်လောက်ရှိတယ်။ ကျွန်မက သူတို့ တစ်ယောက်ချင်းစီကို သိဖို့လိုလား။ သူတို့ကတော့ ကျွန်မကို သိရမယ်။ ဒါပေမယ့် ကျွန်မက ရင်းနှီးတဲ့သူတွေ နည်းနည်းကိုပဲ သိတယ်။"

ငါ့အမေရဲ့ဒုတိယအိမ်ထောင်ကငါ့ကိုအစ်ကိုခုနစ်ယောက်လက်ဆောင်ပေးခဲ့တယ်Where stories live. Discover now