Chapter : 130

1.5K 112 1
                                    

Zawgyi

အခန်း ၁၃၁း ရင်းနှီးနေတဲ့ မျက်နှာ

မနက်ဖြန် စိတ်အနှောက်အယှက်ဖြစ်စေသော Hughသည် သူ၏ချစ်စရာကောင်မလေးကို ခေါ်သွားတော့မည်ဖြစ်သည်။

Monroeသည် Hughကိုမြင်ပြီး အနည်းငယ်စက်ဆုပ်သွားခဲ့သည်။

ဘာမှမသိတဲ့ Hughက အဝေးကနေ လျှောက်လာတယ်။ "ဟိုင်း! မင်္ဂလာနံနက်ခင်းပါ Mary။ ဒီနေ့ ငါတို့ဘာလုပ်ကြမလဲ။ ဒါနဲ့ မနေ့ညက ဘယ်အခန်းမှာ အိပ်တာလဲ။ အခန်းတွေကို တံခါးလိုက်ခေါက်ကြည့်ပေမဲ့ မင်းကိုဘာလို့မတွေ့တာလဲ"

Maryက မျက်လုံးပြူးသွားတယ်။ "နေရာတိုင်းကို လိုက်ခေါက်တာလား။ ရှင့်အခန်းကလွဲလို့!"

Mary တည်ငြိမ်ဟန်ဆောင်ကာ "အိုး အပေါ်က အခန်းတွေ အကုန်ပြည့်နေလို့ business roomမှာ အိပ်လိုက်တာ"

Hughက သက်ပြင်းချရင်း "business room! တော်တော်သနားစရာကောင်းလိုက်တာ မင်းစတုတ္ထအစ်ကိုက ကပ်စီးနှဲတယ်။ သူ့အခန်းကို မင်းကိုပေးသင့်တယ်။ ငါသာဆိုရင် သေချာပေါက် အဲ့လိုမလုပ်ဘူး!"

ဘေးမှာရပ်နေဆဲဖြစ်တဲ့ Monroeက "Adela ဒီနေ့ တိုကင်ပြားတွေ Hughကို အလကားမပေးနဲ့!"

Adelaက "အိုး! ဟုတ်ကဲ့ ဘော့စ်! Miss Maryကော"

Monroeက "ဟုတ်တယ်။ မှတ်ထား၊ သူမလိုချင်သမျှကိုပေးလိုက်။ Yunhanအဆောက်အဦးရဲ့ခေါင်မိုးကို သူမ မဆုတ်ဖြဲသရွေ့တော့ သူမစိတ်တိုင်းကျ လုပ်ပေးလိုက်!"

Adelaသည် အလွန်စိတ်လှုပ်ရှားနေသည်။ "ဟုတ်!"

Maryက Monroeကို ချိုချိုသာသာ လက်ဝှေ့ယမ်းပြသည်။ Monroeက သူမကို သေချာကြည့်ကာ လှည့်ထွက်သွားသည်။

Hughသည် မျက်မှောင်ကြုတ်ကာ Mary အနီးသို့ ကပ်လာသည်။ "သူက ဘာလို့ ဒီလောက် သဘောထားကြီးရတာလဲ။ ငါတို့နှစ်ယောက်လုံးက သူ့အငယ်တွေကို ငါ့ကျ ဘာလို့ မင်းလောက်မကောင်းပေးတာလဲ?"

Maryက "နင်က သူက ငါ့အတွက် တွန့်တိုတယ်လို့ ပြောလိုက်တာ။ သူက ငါ့အပေါ် မတွန့်တိုကြောင်း ပြချင်တာပဲ!"

Hugh အံ့သြသွားသည်။ "အဲဒါ တကယ်လား? ငါက စာရေးဆရာနော် ငါ့ကို မလိမ်နဲ့!"

ငါ့အမေရဲ့ဒုတိယအိမ်ထောင်ကငါ့ကိုအစ်ကိုခုနစ်ယောက်လက်ဆောင်ပေးခဲ့တယ်Where stories live. Discover now