Chapter : 76

1.7K 205 1
                                    

Zawgyi

အခန်း ၇၆- အသက်ရှင်ဖို့ပင် မတွေးနှင့်

ကျစ်ဆံမြီးပါသော အမျိုးသားတစ်ဦးသည် ကောင်တာအား အပြင်းအထန် ထိုးခဲ့သည်။

အနက်ရောင်ဝတ်ထားသော အမျိုးသားများအားလုံးသည် Maryကို ဝှက်ထားသကဲ့သို့ ခန်းမအတွင်းရှိ လူများကို ပြင်းထန်စွာ စိုက်ကြည့်နေကြသည်။

"ငါတို့ မသိဘူး..." ကောင်တာမှ အမျိုးသမီးက ကြောက်ရွံ့မှုကြောင့် အောက်ထိုင်ကျသွားသည်။

"ဒီလူတွေက ခြိမ်းခြောက်တယ်။ သူတို့လူကို ဆုံးရှုံးလိုက်ရတာနဲ့ ငါတို့ကို ဘာလို့ အပြစ်တင်နေတာလဲ..."

"မှန်တယ်။ ငါတို့က သူတို့နဲ့တိုက်ခိုက်ဖို့ ဒီရောက်နေတာမဟုတ်ဘူး..."

လူအုပ်ထဲမှ တစ်စုံတစ်ယောက်က ရေရွတ်သည်။ စက်သေနတ်တစ်လက်ကိုင်ထားတဲ့ Samက သူ့သေနတ်ကို မြှောက်လိုက်ပြီး ခေါင်မိုးကိုချိန်လိုက်တယ်။

ကွဲသံနှင့်အတူသေနတ်လမ်းကြောင်းရှိ နံရံများနှင့် မီးလုံးများ အပိုင်းပိုင်းကွဲအက်ကာ ပြုတ်ကျလာသည်။

"Ah-" လူအုပ်ကြီးက အော်ဟစ်ပြီး ပြေးချင်လာသည်။

အနက်ရောင်ဝတ်စုံနဲ့လူတွေက လူတွေကို ဆွဲထုတ်ပြီး မြေပြင်ပေါ်ပစ်ချတယ်။

လူအုပ်ကြီးက ကြောက်လန့်တကြား စုရုံးလာကြသည်။ ဒီနေ့ဟာ ကမ္ဘာမြေပေါ်မှာ ကျန်ခဲ့တဲ့ နောက်ဆုံးနေ့ပဲလို့ လူတိုင်းက ထင်နေကြတယ်။

Jimက ပြင်းထန်သောအမူအရာဖြင့် အော်ပြောလိုက်သည် "အားလုံးတိတ်တိတ်နေကြ! ငါတို့က လူကောင်းတွေ မဟုတ်သော်လည်း အပြစ်မဲ့သူတွေကို သတ်တဲ့ အကြမ်းဖက်သမားတွေလဲ မဟုတ်ဖူး။ ရွှေရောင်ဆံပင်ရှည်၊ အစိမ်းဖျော့ရောင်မျက်လုံး၊ ကြည့်ကောင်းတဲ့ရုပ်နှင့် နတ်သမီးလေးနဲ့တူတဲ့ မိန်းကလေး မစ္စMary ဘယ်ရောက်နေလဲ သိချင်တယ်။ တစ်ယောက်ယောက် သူ့ကို တွေ့လိုက်လား"

လူအုပ်ကြီးက တိတ်ဆိတ်နေခဲ့တယ်။

မကြာသေးမီက သူတို့မောင်းထုတ်လိုက်သော Maryကို လူတိုင်းက တွေးမိသည်။

ငါ့အမေရဲ့ဒုတိယအိမ်ထောင်ကငါ့ကိုအစ်ကိုခုနစ်ယောက်လက်ဆောင်ပေးခဲ့တယ်Where stories live. Discover now