သုတျာ # သု တြာ (Part-15)

30.3K 2.1K 64
                                    

Part - 15

သု တျာ

ဒီနေ့မနက်တော့ ဆက်တို့မိသားစုရော အန်တီမာရီတို့မိသားစုပါ ပြင်ဦးလွင်မြို့ထဲအလည်ထွက်ခဲ့ကျပါ
တယ် ။ ပုံမှန်ဆို ဒီလိုလည်ပတ်ဖို့ကို ဆက်ကလုံးဝစိတ်မဝင်စား ။ အထူးသဖြင့် ဒေါ်မာရီတို့မိသားစုနဲ့ပေါ့ ။ ကိုယ်အနားကို အချိန်ပြည့်ကပ်ချင်နေတဲ့ သရဖီ့
ကိုမြင်နေရရင်ကို အာရုံတွေက သူ့အလိုလို နောက် ကျိလာတာမျိုး ။ ဒါပေမယ့် သုတျာလေးက ပြင်ဦးလွင်ကိုပထမဆုံးရောက်ဖူးတာမို့ ကိုယ့်ကလေးကိုတော့ လည်ပတ်စေချင်သေးတာ ။

အရင်ဆုံး အိမ်ကထွက်တာနဲ့ ပွဲကောက်ရေတံခွန်ကို သွားကြတာမို့ ရေတံခွန်ကိုရောက်တာနဲ့ သရဖီက
ကိုယ့်အနားကိုလာပြီး ---

" ဆက် သရဖီ့ကိုဓာတ်ပုံရိုက်ပေးပါလား "

" ငါ့ကို ဆက်လိုမခေါ်နဲ့ သရဖီ ငယ်ငယ်ထဲက ရှိန်ဝါလို့ခေါ်ကျကျအတိုင်းပဲခေါ် "

" နာမည်ခေါ်တာပဲဟာ ဘာလိုအဲလောက်ကပ်စီးနှဲရတာလဲ "

" သု တျာ ခေါ်သလိုလိုက်ခေါ်လဲ နင်ကသုတျာ ဖြစ်မလာဘူး သိဖို့ "

" အောင်မလေးဟဲ့ နာမည်လေးခေါ်မိတာကို ဒီလောက်တောင်ပြောစရာမလိုပါဘူး ကဲပါ မကြိုက်ရင်
မခေါ်တော့ပါဘူး ငါ့ကိုတော့ဓာတ်ပုံလေးရိုက်ပေးနော် "

သရဖီ့စကားကြောင့် ဆက် မျက်မှောက်ကျုံ့ကြည့်လိုက်ရင်း ---

" နင့်အကိုကိုရိုက်ခိုင်းလေ ငါမအားဘူး "

" မအားရအောင် ဘာလုပ်နေလို့လဲ "

" သု တျာ က အခုမှပြင်ဦးလွင်ရောက်ဖူးတာ ငါသူ့အတွက်အမှတ်တရဓာတ်ပုံရိုက်ပေးရမယ် ၊ နင် က ဒီကိုခဏခဏရောက်ဖူးနေတာ ဓာတ်ပုံရိုက်စရာ နေရာရောရှိသေးလို့လား ၊အလကား အပိုတွေ "

" ရှိန်ဝါ ငါ့ကိုအပိုတွေလို့ မပြောနဲ့နော် ဒါလေးအကူအညီတောင်းမိတာကို "

" Sorry ငါက သူများကိုအားတိုင်းကူညီနေရအောင် အခမဲ့ Volunteer လုပ်နေတဲ့ကောင်မဟုတ်ဘူး ၊ သုတျာအတွက်ကလွဲရင်ပေါ့ သုတျာ လာခဲ့ သွားရအောင် "

ပြောပြီးတာနဲ့ သု တျာ လက်ကိုဆွဲပြီးလှည့်ထွက်ဖို့ပြင်လိုက်တဲ့အချိန် ---

" သု တျာ " (Completed)Where stories live. Discover now