သုတျာ # သု တြာ (Part -43)

47.9K 2K 66
                                    

Part - 43

                         သု တျာ

" ဒီမှာဧည့်သည်လာလို့ ရဲရင့်ရယ့် "

" အော်!! ဘာကိစ္စများရှိလို့လဲ မသိဘူးခင်ဗျာ "

" ကျွန်တော်တို့က ဟိုဘက်ခြံက လူသစ်တွေပါခင်ဗျာ သားသားက ခြံထဲမှာဆော့နေရင်းနဲ့ ဒီဘက်ခြံထဲကသားလေး စက်ဘီးစီးတာကိုတွေ့ပြီး သူပါဆော့ချင်လို့ဆိုပြီးငိုနေတာချော့မရလို့ ခဏလောက်ဖြစ်ဖြစ် အကူအညီလေးလာတောင်းတာပါ ဘေဘီသျှန်းက သူဖြစ်ချင်တာမဖြစ်ရရင် တစ်နေကုန်ချော့မရအောင်ငိုတက်လို့ပါ "

" အော်!! ဟုတ်ကဲ့ "

" ကျွန်တော် ဦးရဲရင့်သွေးတို့ကိုသိပါတယ်ခင်ဗျာ
ကျွန်တော်တို့ကလဲ ရန်ကုန်ကပါပဲ ကျွန်တော်ကသျှန်းဆက်ရှိန်ဝါပါ TTA Group ရဲ့ CEO ပါ ၊ ဒါက ကျွန်တော်အမျိုးသား  SAT Group ရဲ့ CEO စေသုတျာ ပါ "

တစ်ခါတစ်လေ ကျွန်တော်ကဘယ်သူပါဆိုတာမျိုးထက် ဘာလုပ်ပါတယ်ဆိုပြီးတွဲအသိပေးလိုက်ခြင်းက လူတွေကြားထဲကယုံကြည်မှုကို မြန်မြန်ဆန်ဆန်တည်ဆောက်နိုင်မယ်လို့ထင်မိတာကြောင့် ဆက် ကတော့ ကိုယ့်အလုပ်ကိုပါတွဲအသိပေးလိုက်ပါတယ် ။ တဖက်မိသားစုကလဲ နည်နည်ရရမဟုတ်လေတော့ သူတို့ခြံဝန်းထဲကို လူတကာပေးဝင်ဖို့အတွက် ဝန်လေးနေကျမှာပဲလေ ။ စီးပွားရေးလုပ်ငန်းရှင်ချင်းမို့ နာမည်နဲ့အလုပ်တွဲပြောလိုက်တဲ့အခါ တဖက်လူလဲအမြင်ရှင်းတာပေါ့ ။

" အော်!!! ကိုယ်သိပြီ သတင်းတွေထဲမှာမြင်ဖူးနေပါတယ် အိမ်ထဲအရင်ဝင်ပါဦး ရဲရင့်ရော ဒီကလေးတွေကိုသိတယ်မို့လား "

လူပုံက ဖြူဖြူပါးပါးလေးနဲ့ ရှပ်အင်္ကျီလက်တိုလေးကိုဝတ်ထားကာ မျက်မှန်လေးတပ်ထားတဲ့လူက ဦး
မြတ်သောမောင်ဆိုတာကို သိလိုက်တာနဲ့အပြိုင်ထဲ
ဒီအမျိုးသားက အပြင်မှာတော်တော်ကြီးကို ချောမောပြည့်စုံတာပဲလို့ အသိအမှတ်ပြုလိုက်မိပါတယ် ။ ဒါကြောင့်လဲ လိင်တူလက်ထပ်ခြင်းတွေပွင့်လင်းမြင်သာမှုသိပ်မရှိသေးတဲ့ လွန်ခဲ့တဲ့ခုနှစ်နှစ်ကျော်လောက်ထဲက ဦးရဲရင့်သွေးက ရအောင်ယူခဲ့တာနေမှာ ။ ဆက်တို့သားအဖတွေ ခြံထဲဝင်လိုက်တာနဲ့ ကလေးနှစ်ယောက်ကအနားကိုရောက်လာတာမို့ ဦးမြတ်သောက ကလေးနှစ်ယောက်ကို လက်တစ်ဖက်စီနဲ့ထွေးပွေ့လိုက်ပြီး ---

" သု တျာ " (Completed)Donde viven las historias. Descúbrelo ahora