" သု တျာ " # " သူ တြာ "

122K 3.5K 41
                                    

  📌📌Edit - မီးနီခန်းတွေကို SS ရိုက်ပြီး အပြင်ကိုသယ်မသွားခြင်းဖြင့် မသူကို ကူညီပေးကျပါ ။ Wp မှာပဲထားခဲ့သင့်တာကို Wp မှာပဲ ချန်ထားခဲ့ကျရအောင်လေ ။ ဒါလေးတော့ ကူညီပေးကျပါ ။

📌 ကိုယ့်Fic တွေမှာ တစ်စုံတစ်ယောက်နဲ့ အရေးအသားဆင်သွားတာမျိုးရှိရင် ကိုယ့်ကိုအရင်လာပြောပေးပါနော် 📌

✨ သု တျာ ✨

" ကိုယ်သတ်မှတ်ထားတဲ့ ဘဝလက်တွဲဖော်ဆိုတာ
ငယ်စဉ်ကလေးဘဝမှာ မင်းနဲ့အတူတူဆော့ကစား
မယ် ။ အသက်တွေကြီးလာတဲ့အခါ ဘဝရဲ့နေဝင်
ချိန်ကို မင်းရင်ခွင်ထဲမှာ မင်းလက်နဲ့ထွေးပွေ့ပေးတာကိုခံယူရင်း မရဏသေမင်းကို အပြုံးတွေနဲ့ရင်ဆိုင်
မယ် ။ ရိုးရိုးလေးပြောရရင် မွေးဖွားချိန်ကစပြီး သေ
ဆုံးတဲ့အချိန်ထိ တစ်ယောက်သောသူကိုသာ ကိုယ့်
အနားမှာရှိနေစေချင်တာမျိုးပေါ့ "

သျှန်းဆက်ရှိန်ဝါ

" စိတ်နဲ့ချည်ယုံနဲ့ မြဲမယ့်ကြိုးတွေပါ ။ ဒီဘဝ ဒီအချစ် နောက်ဆုံးဖြစ်ရမယ်ဆိုတဲ့အတွေးက မင်းကြောင့်ပဲ ပိုခိုင်မာလာခဲ့ပါတယ် ။ အချိန်ရာသီတွေ ဘယ်
လိုပြောင်းပြောင်း မင်းအပေါ်ထားတဲ့ငါ့ချစ်ခြင်းက မဟောင်းနွမ်းရပါဘူး ။ အလွမ်းတွေကို စာလှလှလေးတွေစီရင်း မင်းရှိရာ ရာသီတွေကိုမျှော်ငေး
ကြည့်ယုံနဲ့ ဒီဘဝ သိပ်လှပနေလေရောကွယ် "

စေသုတျာ

ချမ်းသာတဲ့မိသားစုတစ်ခုရဲ့ တစ်ဦးတည်းသောသား ရွှေဘုံစံမင်းသားဘဝနဲ့ လူတကာအားကျခြင်းကိုခံရတဲ့ ခပ်ဆိုးဆိုးဂျစ်ကန်ကန်ကောင်လေး
" သျှန်းဆက်ရှိန်ဝါ "

ငယ်စဉ်ထဲက မိဘမဲ့ဘဝကို ရောက်ခဲ့ရတာကြောင့်
အဒေါ်ဖြစ်သူတွေရဲ့အိမ်မှာ သိမ်ငယ်စွာကြီးပြင်း
လာခဲ့ရတဲ့ အနေအေးလွန်းသူလေး " စေသုတျာ "

သူတို့နှစ်ယောက်က မထင်မှတ်ဘဲ ခြံချင်းကပ်ရပ်
နေခဲ့ရတဲ့အခါ ငါးနှစ်အရွယ်ကလေးဘဝမှာတင်
သံယောဇဉ်ပိုခဲ့ရတဲ့ကောင်လေးကို သူ့မှာရှိတဲ့ပိုင်
ဆိုင်မှုတွေနဲ့ အပြီးအပိုင်ဝယ်ယူဖို့ကြိုးစားခဲ့ပြီး
တသက်လုံး အရိပ်တကြည့်ကြည့်ချစ်ခင်ပေးချင်တဲ့
" ဆက် " ရဲ့ ချစ်ခြင်းတရားတွေရယ် ။

" သု တျာ " (Completed)Donde viven las historias. Descúbrelo ahora