Part - 24
သုတျာ
ကြားလိုက်ရတဲ့စကားတိုင်းဟာ နားကနေတဆင့်
နှလုံးသားထဲအထိစိမ့်တိုးဝင်လာက လူဆင်းရဲမာနက ချက်ချင်းခေါင်းထောင်ထလာပါတယ် ။ အန်တီ
မြတ်က ပညာတတ် ဂုဏ်သရေရှိအမျိုးသမီးမို့ သနားခံတဲ့စကားလုံးလေးတွေနဲ့ ရွေးချယ်ပြောနေ
ပေမယ့် အဓိကဆိုလိုချင်တဲ့အဓိပ္ပါယ်က ကိုယ်ဟာ
ကျေးဇူးမသိတက်တဲ့သူ ၊ အရိပ်ခိုပြီး အခက်ချိုးတဲ့သူ ၊ ဆက်ရဲ့ဘဝကို အချိန်အကြာကြီးဖျက်ဆီးနေခဲ့တဲ့သူ ၊ နောက်ဆုံးပြောချင်တာက ကိုယ်သာဆက် အနားမှာ တွယ်ကပ်နေရင် ဒီထက်ပိုတဲ့ဆုံးရှုံးမှုတွေဟာ ဆက်အတွက်ဖြစ်လာနိုင်တယ်ပေါ့ ။တကယ်ပဲလာပြန်တွေးလိုက်တော့လဲ ဟုတ်နေတာပဲလေ ။ ကိုယ့်ကြောင့် ဆက်ရဲ့ဘဝမှာစွန့်လွှတ်ခဲ့ရ
တာတွေအများကြီးပဲဟာ ။ မိဘတစ်ယောက်အနေနဲ့ ရင်နာနေမှာမဆန်းပါဘူး ။ ကိုယ်ဟာ ဆက်အတွက် ဒုက္ခတွေသယ်ဆောင်လာသူပါလား ။နောက်ဆုံးတော့ ကိုယ့်ဘဝအမှန်ကို ကိုယ်ပြန်သွားဖို့အချိန်တန်ပြီပဲ ။ ဆက် က ကိုယ့်ကို ဘယ်လိုတွေချစ်ပေးစေဦးတော့ လူနှစ်ယောက်ရဲ့ဘဝတွေ ပေါင်းစည်ဖို့ဆိုရင် မိသားစုဆိုတာက မပါမဖြစ်အရေးပါတဲ့သူတွေလေ ။ ကိုယ့်ကိုမကြည်ဖြူတဲ့မိသားစုထဲတိုးဝင်ရလောက်အောင်တော့ မမိုက်မဲချင်ပါဘူး ။
ချစ်ခြင်းမေတ္တာကိုသာ တန်ဖိုးထားခဲ့တဲ့သူမို့ ငွေ
ကြေးကြောင့် ဆက်ကိုလက် လွှတ်မပေးတဲ့လူအဖြစ် လူတွေရဲ့အထင်အမြင်ကိုလဲမခံနိုင်ပါ ။မေတ္တာငတ်ခဲ့တဲ့သူမို့ ကိုယ့်အပေါ်နွေးထွေးမှုပေးတဲ့ဆက်ကို တွယ်တာခဲ့တာပါ ။ ငွေကြေးစည်းစိမ်တွေ
ကြောင့် တွယ်ငြိခဲ့တာမှမဟုတ်တာ ။ ငါတို့လမ်းခွဲချိန်တန်ပြီပဲ ဆက်ရယ်။ နောက်ဆုံးအနေနဲ့ အသက်ကိုဝအောင်ရှုသွင်းလိုက်ရင်း ---" အန်တီမြတ် ဖြစ်စေချင်တာကိုပြောပါ သားနားထောင်ပါ့မယ် "
ကိုယ့်မေးလိုက်တဲ့စကားအဆုံးမှာတော့ တရားသူ
ကြီးရဲ့အမိန့်ကိုနာခံမေရတဲ့အပြစ်သားလို့ ရင်တွေထဲတုန်ရီနေတော့တာ ။ အန်တီမြတ်ဟာ ကိုယ့်ကို
အခွင့်အရေးလေးများပေးလာနိုင်လေမလား မိုက်မဲစွာမျှော်လင့်နေခဲ့မိသေးတာ ။
ESTÁS LEYENDO
" သု တျာ " (Completed)