Part - 34
သု တျာ
" သုတျာ!! သုတျာ !! မင်းဘယ်မှာလဲ "
ကားပေါ်ကနေဆင်းတာနဲ့အိမ်ထဲကို မေးသံနဲ့အတူတူပြေးဝင်လာတဲ့ မောင့်ရဲ့အသံကို အိမ်ရှေ့လောက် မှာကြားလိုက်ရတာကြောင့် သုတျက ကိုယ့်ဘေးမှာအဆင်သင့်ယူထားတဲ့ ဖန်ခွက်ငယ်ကိုကြမ်းပေါ်ပစ်ချလိုက်ပါတယ် ။ သိပ်မကျယ်လှတဲ့ ခွက်ကနဲ
မြည်သံနဲ့အတူတူ ကြမ်းပေါ်မှာအစိတ်စိတ်အမွှာမွှာကျကွဲသွားတဲ့ ဖန်ခွက်လေး ။ရေစက်အချို့ကတော့ ဖန်ကွဲစတွေဘေးနားအထိပြန့်ကျဲပြီးစီးကျနေလို့ ။ ဖန်ခွက်ကိုခွဲပြီးတာနဲ့ ကိုယ့်မျက်နှာအနေအထားကို အတက်နိုင်ဆုံး နာကျင်နေတဲ့ပုံဖြစ်အောင်ပြင်ဆင်လိုက်ရင်း ထမင်းစားစားပွဲဘေးက ထိုင်ခုံလေးမှာ ခြေထောက်နှစ်ချောင်းတင်ပြီး ထိုင်နေလိုက်ပါတယ် ။ အချိန်ကိုက်ဆိုသလိုပဲ မောင်က အခန်းထဲပြေးဝင်လာတဲ့အချိန် ကိုယ်ကခုံပေါ်မှာထိုင်ရက်သား ။ မင်းတော်တယ် သုတျာ ။ အခန်းထဲရောက်တာနဲ့ အလောတကြီးအသံနဲ့ မောင်မေး
လာတာက ---" သုတျာ!! ခြေထောက်က ဘာဖြစ်တာလဲ ကိုယ့်ကိုပြောစမ်း "
ဆက်က သုတျာအနားရောက်ပြီးမှ အခန်းထဲဝေ့ကြည့်လိုက်တဲ့အချိန် ပြန့်ကျဲနေတဲ့ဖန်ခွက်စတွေက နေရာအနှံ့ ။ သုတျာအနားကိုကပ်သွားလိုက်ရင်း သူ့ခြေထောက်နှစ်ဖက်စလုံးကိုဆွဲယူပြီးကြည့်လိုက်တဲ့အခါ ခြေထောက်တစ်ဖက်ကနီရဲလို့ ။ သုတျာက
တော့ အခုထိကိုယ်မေးတာကိုမဖြေသေး ။" ဘာဖြစ်တာလဲ ပြောစမ်းလို့ မေးနေတာကိုကွာ မထုံတထေးသိပ်လုပ်တာပဲ "
" နာတယ်မောင်! လက်လွှတ်လိုက် "
သုတျာခြေထောက်ကတော့ တကယ်နာနေတာပါ ။
ပွတ်ပွတ်ဆူနေတဲ့ရေနွေးပူတွေ ကိုယ့်ခြေခုံပေါ်ကို
ကိုယ့်ဘာသာလောင်းချခဲ့တာလေ ။ မနာခံနိုင်ရိုး
လား ။ ဒီတိုင်းနေရင်တောင် ကြမ်းကြမ်းတမ်းတမ်းထိလို့မရတဲ့ ကိုယ်အသားအရည်အပေါ်ကို ရေနွေးပူပူလောင်းချခဲ့တာပဲဟာ မနာကျင်ပဲနေမလားမောင်ရယ် ။ မှတ်ထားမောင် နောက်ဆို အချစ်ကိုတစ်ယောက် ထဲထားခဲ့ဖို့ ဘယ်တော့မှစိတ်မကူးလေနဲ့ ။ နောင်တကို လှလှပပလေးရသွားစေရမယ် ။ ဒါကအစပဲရှိသေးတာ ။
YOU ARE READING
" သု တျာ " (Completed)