Part - 16
သု တျာ
ပြင်ဦးလွင်မှာ ဆယ်ရက်နီးပါးနေခဲ့ပြီး ရန်ကုန်ကိုပြန်
လာတဲ့အချိန်မှာတော့ သုတျာ က သူအိမ်ကိုပြန် သွားပါတယ် ။ နေ့လည်ဘက်ခဏလာတာလွဲရင် ကျန်တဲ့အချိန်တွေ သူ့အိမ်မှာနေတာများလာတာမို့
တစ်ပတ်လောက်အကြာမှာတော့ ဆက် က သူ့အိမ်
ကိုလိုက်ခေါ်ဖို့ပြင်ရပါတော့တယ် ။ ဒီကောင်လေးက ကိုယ်မှအနောက်ကနေလိုက်မခေါ်ရင် နေသာသပ လေညာကဆိုသလိုမျိုး အေးရာအေးကြောင်းနေနေတာလေ ။သုတျာကိုခေါ်ဖို့ သူ့အိမ်ကိုလိုက်ဖို့ပြင်နေတဲ့အချိန်
ဧည့်ခန်းထဲမှာ မေမေ့ကထိုင်နေပြီး ကိုယ့်ကိုမြင်တာ
နဲ့ ---" ဘယ်လဲ သားသား "
" သု တျာ ကိုသွားခေါ်မလို့ မေမေ "
" သားသား အခုအချိန်ရသေးတယ်မို့လား "
" ဟုတ်ကဲ့ ရပါတယ် "
" ရရင် ခဏထိုင်ဥိီးနော် မေမေ စကားနည်းနည်းလောက်ပြောချင်လို့ "
စကားပြောဖို့ကို တကူးတကအချိန်တောင်းနေတဲ့မေမေ့ကြောင့် ဆက် ထိုင်ခုံမှာဝင်ထိုင်လိုက်ပါတယ် ။
ဘာတွေများ အရေးတကြီးပြောစရာတွေရှိနေလို့ပါ
လိမ့်ဆိုတဲ့အတွေးနဲ့ပေါ့ ။" သားက ဘာလို့် သုတျာလေးကို လိုက်လိုက်ခေါ်နေတာလဲ သူလဲနေ့လည်နေ့ခင်းလာနေတာပဲလေ
ညဘက်တော့ သူ့အိမ်မှာ သူအေးအေးဆေးဆေးနေပါစေလား "" ဒီိအိမ်လောက် သူအေးအေးဆေးဆေးနေရတဲ့နေရာရှိလို့လားမေမေ လိုက်ခေါ်နေရတာက သူ့ကိုစိတ်မချလို့ပါ "
" စိတ်မချရအောင် သူက သူ့အိမ်သူနေတာပဲ သားသားရယ် သူ့မှာလဲ အိမ်အလုပ်ရှိဦးမှာပေါ့ ၊ အမြဲတမ်း ကိုယ်ကခေါ်ထားတော့ သူ့အတွက်အဆင်မပြေ
လောက်ဘူးလေ "" သုတျာ က ဘာလို့အိမ်အလုပ်လုပ်ရမှာလဲ သူ့အိမ်သားတွေကို သားတို့အိမ်ကထောက်ပံ့ပေးနေသမျှ
က သုတျာ မျက်နှာကြောင့်ပဲလေ ဒါတောင်သူကအိမ်အလုပ်လုပ်ရမှာလား ၊ ပြောရရင် သူ့ကိုမှီပြီး
တစ်အိမ်သားလုံး အဆင်ပြေနေတဲ့ဟာ "" သူတို့မှာလဲ မိသားစုအရေးဆိုတာ ရှိနိုင်တယ်လေ "
" သုတျာ အတွက် မိသားစုဆိုတာ သားတစ်ယောက်ပဲရှိရမယ်မေမေ သွေးစပ်ယုံနဲ့မိသားစုဆိုပြီး အတင်းရောမချပါနဲ့ သုတျာအပေါ်လူမဆန်တဲ့မိသားစုတွေလက်ထဲသားကတော့ နာရီပိုင်းတောင်မထား နိုင်ဘူး ၊ သူစိမ်းကောင်းရင် အမျိုးလိုက်မမှီဘူးလေ"
YOU ARE READING
" သု တျာ " (Completed)