Episode (3)

732 74 5
                                    

မေလ နှစ်ဆယ့်ရှစ်ရက်နေ့...

ဘဝမှာ မေ့ပစ်ချင်တဲ့ နေ့ရက်တွေထဲက မေ့ပစ်ချင်ဆုံးနေ့ရက် ။ထိုနေ့စွဲကို အပြီးတိုင် ​မေ့ပျောက်၍ ကျော်ဖြတ်သွားချင်မိ၏ ။ ဒါပေမဲ့ ဘယ်လိုပဲ မေ့လိုက်ချင်အုံးတော့ ဦးနှောက်အသိဥာဏ်ပြည့်စုံနေဆဲ မိမိအတွက်တော့ မမေ့နိုင်ခဲ့ဘူး ။

ညအိပ်ဝတ်စုံကိုချွတ် ၊ ​မွေ့ရာပေါ်မှာ အဆင်သင့်တင်ထားပေးသည့် အင်္ကျီအဖြူ လည်ကတုံးလက်ရှည်နှင့် ပိုးပုဆိုးအပြာရောင်ကို လဲဝတ်လိုက်ပြီး ဆံပင်များကို ခပ်မြင့်မြင့်စည်းနှောင်လိုက်၏ ။ မှိုင်းအုံ့နေသည့် ရာသီဥတုနှင့်အတူ လင်းသန့်ထည်ဝါ၏ စိတ်များကလည်း ညို့မှိုင်းဝေရီနေ၏ ။ ကုတင်ဘေး မှန်စားပွဲပေါ်တွင်တင်ထားသည့် ဓာတ်ပုံထဲမှ သက်လတ်ပိုင်းအရွယ် အမျိုးသမီးကို ငေးကြည့်နေရင်း ရင်ဘတ်ထဲမှ ဆို့နင့်လာသည် ။ လွတ်မြောက်သွားပြီလား မေမေ ။ မေမေ ပျော်နေရဲ့လား ။ တခြားဘဝတစ်ခုမှာ အေးချမ်းနေပြီလား ။ လွမ်းတယ် ​မေမေ ။ ပြောမနိုင်လောက်အောင်ကို လွမ်းတယ် ။ တစ်ခါတလေ သေပစ်လိုက်ချင်ပြီ ။ သေသွားခဲ့ရင်ရော အပြစ်ကြွေးတွေက ပြေပျောက်သွားမှာလား ။ ဟုတ်တယ် ၊ လင်းသန့်ထည်ဝါ သေလိုက်ရင်ရော ကျုးလွန်မိတဲ့ အပြစ်က ပျောက်ကင်းသွားမှာလား ။ ထိုမေးခွန်းကို အကြိမ်ကြိမ် မိမိကိုယ်ကို မေးကြည့်ဖူးသော်လည်း တိကျသည့်အဖြေတစ်ခုကိုတော့ ဘယ်သောအခါမှ မရခဲ့ပေ ။

တံခါးခေါက်သံကြောင့် စီးကျလာသည့် မျက်ရည်များကို ခပ်ကြမ်းကြမ်းသုတ်လိုက်ပြီး တံခါးသွားဖွင့်လိုက်သည် ။ တံခါးလာခေါက်သူမှာ ဒေါ်အေးခိုင် ။ ဒေါ်အေးခိုင်၏ မျက်နှာကလည်း မကောင်းချေ ။
ငိုထားမှန်း သိသာနေသည့် မျက်နှာဖြူ နုနုကို သေချာစိုက်ကြည့်နေသော်သည် ။

" သားထည်... ဘုန်းဘုန်းတွေ ကြွလာပြီ ၊ သားထည်ကို လာခေါ်တာ "

" မျက်နှာသစ်ပြီးရင် လာခဲ့မယ် အေးအေး ၊ အခုပုံစံက သိပ်အဆင်ပြေမှာ မဟုတ်ဘူးလေ "

" မြန်မြန်တော့လုပ်နော် "

အပြုံးယဲ့ယဲ့ဖြင့် ခေါင်းညိတ်ပြလိုက်တော့ လင်းသန့်ထည်ဝါ၏ လက်နှစ်ဖက်လုံးကို စုကိုင်လိုက်သည့် ဒေါ်အေးခိုင် ။ တခြားစကားတော့ ဘာမှမဆို ။ နှလုံးသားချင်းနီးစပ်နေသည့်သူများအတွက် နှုတ်မှ ဖွင့်ဟမပြောသော်လည်း သိနားလည်လွယ်၏ ။

မုန်း /မုန်း (Complete) Où les histoires vivent. Découvrez maintenant