UNIT (0) Introduction to "MY HARMONIES"

355 8 0
                                    

ကျွန်တော် ထူးထူးခြားခြားဇာတ်လမ်း Saga တစ်မျိုးကို တင်ဆက်ပေးချင်ပါတယ်။

ကျွန်တော်က သီချင်းနားထောင်ရတာကို ဝါသနာပါတယ်ဗျ။ ကျွန်တော်နားထောင်တဲ့ သီချင်းတွေကတော့ အစုံပါပဲ။ အင်္ဂလိပ်သီချင်းတွေ၊ မြန်မာသီချင်းတွေ၊ K-pop တွေရော၊ ပြောရရင် ကျွန်တော့်စိတ်ထဲ သဘောကျရင် ဘာသီချင်းနေနေ နားထောင်လိုက်တာပါပဲ။

သီချင်းနားထောင်ရတာကို ကြိုက်လာတာနဲ့အမျှ နားထောင်နေတဲ့ သီချင်းတွေရဲ့ အဓိပ္ပါယ်တွေကို သိချင်လာပါတယ်။ အထူးသဖြင့် မြန်မာသီချင်းမဟုတ်တဲ့ တခြားဘာသာစကားသီချင်းတွေကိုလည်း အဓိပ္ပါယ်နဲ့တကွ ခံစားကြည့်ချင်လာပါတယ်။ အဲတာကြောင့် သီချင်းတွေရဲ့ စာသား (Lyrics) တွေကို ရှာဖွေပြီး သီချင်းနဲ့အတူနားထောင်ရင်း သီချင်းအပေါ် ခံစားချက်တွေက ပိုပြီးလေးနက်လာခဲ့ပါတယ်။

အဲ့လိုအချိန်မှာ သီချင်းတွေရဲ့ အနှစ်သာရတွေအပေါ် ကျွန်တော့်အမြင်နဲ့ ခံစားချက်က အနည်းငယ် အတွန့်တက်ချင်လာပါတယ်။ အဲတာက အဲသည်သီချင်းတွေရဲ့ အဓိပ္ပါယ်နဲ့ အနှစ်သာရကို အခြေခံပြီး BL Fiction တွေ ဖန်တီးဖို့ အတွေးနယ်ချဲ့မိပါတော့တယ်။ အဲတာကြောင့် သီချင်းတစ်ပုဒ်ကို တစ်ပိုင်းပြတ်ဇာတ်လမ်းတစ်ပုဒ်အဖြစ် ဖန်တီးဖို့ပါ တွေးမိလိုက်ပါတော့တယ်။ ကျွန်တော့်အကြိုက် သီချင်းတွေကို ပြန်လည်ဆန်းသစ်ဖန်တီးထားတာကြောင့် ဒီ Saga ကြီးတစ်ခုလုံးကို "My Harmonies" ဆိုပြီး Major Title ထားလိုက်ပါတယ်။ အများစုကတော့ စာဖတ်သူတို့နဲ့ ရင်းနှီးပြီးသား သီချင်းတွေဖြစ်လို့ သီချင်းနားထောင်ပြီးမှဖတ်ရင် ခံစားချက်တွေ ပိုပြီးလေးနက်လာလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ သီချင်းတစ်ပုဒ်ကို ဇာတ်လမ်းတစ်ခုဖြစ်မှာဖြစ်လို့ တစ်ပိုင်းနဲ့တစ်ပိုင်း ဇာတ်ကောင်အပြောင်းအလဲတွေ ရှိပါမယ်။ 

အပိုင်းတစ်ပိုင်းချင်းစီရဲ့ အစမှာ ကျွန်တော်အခြေခံထားတဲ့ သီချင်းနာမည်၊ အဆိုတော်နဲ့ Youtube link ကိုပါ တစ်ခါတည်း ထည့်ပေးထားလိုက်ပါတယ်။ အားလုံး ဖတ်ပြီး ကျေနပ်ကြလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ အမှားတစ်စုံတရာ ပါသွားခဲ့ရင်လည်း ခွင့်လွတ်ပေးကြဖို့ တောင်းဆိုချင်ပါတယ်။

Story by ARGENTUM


Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
MY HARMONIES Volume I (Completed)Where stories live. Discover now