UNIT (3) The One That Got Away

55 9 2
                                    

Song – The One That Got Away

by Katy Perry

Youtube MV link – https://youtu.be/Ahha3Cqe_fk

Story by ARGENTUM



သန့်စင် – "လေးလေးရေ၊ မေမေက ခေါ်ခိုင်းလိုက်လို့။ ထမင်းစားကြရအောင်တဲ့။"

သူရိယ – "အေး အေး၊ လေးလေး လာခဲ့မယ်လို့။"

သန့်စင် – "ဟုတ်ကဲ့ လေးလေး။ အဲတာဆို ကျွန်တော်ဆင်းနှင့်ပြီနော်။"

သူရိယ – "အေး အေး"

ကျွန်တော့်တူလေး ထမင်းစားဖို့ ကျွန်တော့်ကို လာခေါ်တာပါ။ ကျွန်တော် ဒီနှစ်နွေရာသီကို မေမြို့က ညီမလေးအိမ်ကို လာလည်ဖြစ်တယ်။ နွေရာသီဆိုတော့ မေမြို့မှာဆိုရင် နေရထိုင်ရတာ အနေတော်ပဲလေ။ အဲတာကြောင့် ကျွန်တော် မေမြို့ကို တစ်ပတ်လောက် လာနေလိုက်တာပါ။

ခဏကကလေးက ကျွန်တော့်ညီမရဲ့သား၊ ကျွန်တော့်တူလေးပါ။ သူက အခု တက္ကသိုလ်တက်နေပြီ။ ပုံမှန်ဆိုရင် ကျွန်တော်က မန္တလေးမှာပဲနေတာ။ အခုလို ပူအိုက်တဲ့ရာသီဥတုမှာတော့ ကျွန်တော် မေမြို့ကို ခဏတက်ခဲ့လိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာက မန္တလေးနဲ့ယှဉ်ရင် အပူသက်သာတယ်လေ။ ပြီးတော့ ဒီမြို့လေးက ကျွန်တော့်ရဲ့ ဇာတိမြို့လည်းဖြစ်သလို ကျွန်တော့်အတွက် အဖိုးမဖြတ်နိုင်တဲ့ အမှတ်တရပေါင်းများစွာရှိနေတဲ့ မြို့တစ်မြို့ဆိုရင်လည်း မမှားပါဘူး။

အခုဆိုရင် ကျွန်တော့်အသက်က (၄၀) တောင် ကျော်နေပြီ။ ဒါပေမဲ့ ခဏက တူလေးကို မြင်လိုက်တော့ ကျွန်တော် သူ့လိုအရွယ်တုန်းကအချိန်ကိုတောင် ပြန်သတိရသွားလိုက်တယ်။ အတိအကျပြောရရင် ကျွန်တော့်ဘဝရဲ့ ပထမဆုံးနဲ့ နောက်ဆုံးသောအချစ်ကို တွေ့ရှိခဲ့တဲ့ အချိန်ကာလပေါ့။


လွန်ခဲ့သော (၂၅) နှစ်.....

ကျွန်တော့်နာမည် သူရိယပါ။ ကျွန်တော်က အခုမှ ဆယ်တန်းကို နွေးနွေးထွေးထွေးအောင်ထားတဲ့ တက္ကသိုလ်ကျောင်းသားလောင်းလေးပါခင်ဗျ။ ပြောရရင် ကျွန်တော် တက္ကသိုလ်သွားတက်ရဖို့နဲ့ အခုအချိန်နဲ့ ကြားထဲမှာ (၆) လလောက် အားလပ်ချိန်ရှိသေးတယ်ဗျ။ အဲတာကြောင့် ကျွန်တော်လည်း ဒီ (၆) လလုံးကို ကိုယ့်စိတ်ကြိုက် ပျော်ပျော်လေးပဲနေဖို့ ဆုံးဖြတ်ထားလိုက်တယ်။ ကျွန်တော့်မိဘတွေကလည်း ကျွန်တော်က ဆယ်တန်းကို ထူးထူးချွန်ချွန်အောင်ထားတာမို့လို့ ဒီကာလမှာ ကျွန်တော့်ကို စိတ်ကြိုက်နေဖို့ ခွင့်ပြုပေးထားကြတယ်။ ကျွန်တော့်ဘဝရဲ့ အပျော်ဆုံး အချိန်ပေါ့ဗျာ။

MY HARMONIES Volume I (Completed)Donde viven las historias. Descúbrelo ahora