UNIT (6) Like Strangers Do

30 6 2
                                    

Song – Like Strangers Do

by AJ Mitchell

YouTube MV link (Original audio) – https://youtu.be/MDSzV2Ymq2A

YouTube MV link (lyric video with Myanmar subtitle) – https://youtu.be/oDyzsHOwJK8

Story by ARGENTUM


ဦးသူရိယ – "ငါ့တူရေ၊ ထမင်းစားရအောင်၊ ဆင်းခဲ့တော့လေ။"

သန့်စင် – "ဟုတ်ကဲ့ လေးလေး၊ လာပါပြီဗျ။"

ကျွန်တော် အခန်းထဲမှာ ဇာတ်လမ်းကြည့်နေတုန်း ကျွန်တော့်ဦးလေးက ကျွန်တော့်ကို ညစာစားဖို့ လှမ်းခေါ်လို့ ကျွန်တော် ဆင်းရပါဦးမယ်။ ကျွန်တော်တို့က မန္တလေးမှာ တူဝရီးနှစ်ယောက်တည်း အတူနေတာဆိုတော့ တစ်ခါတလေ ကိုယ်တိုင်ချက်စားကြတယ်၊ တစ်ခါတလေ အပြင်ပဲ ထွက်စားကြတယ်။ ဦးလေးကလည်း တစ်ကိုယ်တည်းသမား၊ အင်ဂျင်နီယာ လူပျိုးကြီးဆိုတော့ ကျွန်တော်သူနဲ့အတူရှိနေတော့ သူလည်းအဖော်ရတာပေါ့။ ကျွန်တော့်မိဘတွေက ပြင်ဦးလွင်မှာနေကြတယ်။ ဒါပေမဲ့ ကျွန်တော်က မန္တလေးမှာ ကျောင်းတက်ရတော့ နေရာတာ အခက်အခဲမဖြစ်အောင် ဦးလေးအိမ်မှာပဲ နေလိုက်တာပေါ့။

ကျွန်တော်ကတော့ ကျွန်တော့်ဦးလေးကို အရွယ်ကောင်းနေတုန်း ဘဝလက်တွဲဖော် တစ်ယောက်လောက် ရှာစေချင်မိတာတော့ အမှန်ပါပဲ။ ကျွန်တော် အဲ့ကိစ္စနဲ့ပတ်သက်ပြီး သူ့ကို မေးလိုက်တိုင်း သူ အမြဲတမ်း အဖြေတစ်ခုတည်းကိုပဲ ပြန်ဖြေတယ်။ အဲသည်အဖြေက သူ ထပ်ပြီး မချစ်နိုင်တော့လို့ပါတဲ့။ ပြီးတော့ သူငယ်ငယ်တုန်းက သူချစ်ခဲ့ရတဲ့ သူ့သူငယ်ချင်းလေးအကြောင်းကို အမြဲတမ်း ပြောပြလေ့ရှိတယ်။ သူ အဲ့အကြောင်း ပြောပြတိုင်းလည်း ကျွန်တော်အမြဲတမ်း မျက်ရည်ကျရတယ်။ အဲတာကြောင့် ကျွန်တော်စိတ်ထဲမှာ တစ်ခုကို အခိုင်အမာ ဆုံးဖြတ်ချက် ချထားတယ်။ အဲတာက တကယ်လို့ ကျွန်တော်သာ တစ်ယောက်ယောက်ကို ချစ်မိပြီဆိုရင် အဲသည်သူကို ဖွင့်ပြောဖြစ်အောင် ဖွင့်ပြောမှာပါ။

အဲ့လိုပြောလို့ အခု ကျွန်တော့်မှာ ချစ်နေတဲ့သူရှိလားဆိုရင် ရှိပါတယ်။ ချစ်နေပြီလားဆိုတာ မသေချာသေးပေမဲ့ Crush ဖြစ်နေတယ်ပေါ့ဗျာ။ ကျွန်တော်ကြိုက်နေတဲ့သူကလည်း တခြားကမဟုတ်ပါ၊ ကျွန်တော်တို့ တက္ကသိုလ်တစ်ခုတည်းက ကျွန်တော်နဲ့ တစ်နှစ်တည်းသူပါ။ ကျွန်တော်တို့ နှစ်ယောက်စလုံးက Zoology Major ကပါ။ တကယ်လို့ သူသာ Fresher Welcome တုန်းက King ဝင်လျှောက်ခဲ့ရင် သေချာပေါက် သူရမှာပါ။ ဒါပေမဲ့ သူက ဝင်မလျှောက်ခဲ့ပါဘူး။ သူ့နာမည်က "အောင်ဘုန်းမြင့်" တဲ့။

MY HARMONIES Volume I (Completed)Where stories live. Discover now