UNIT (8) All of Me

43 5 6
                                    

Song – All of Me

by John Legend

YouTube MV link – https://youtu.be/450p7goxZqg

YouTube lyric video link with MMSub – https://youtu.be/RG3AXrwNHkc

Story by ARGENTUM


အသက် (၄၀) နားနီးမှ ကိုယ်ချစ်ရတဲ့သူကို ရှာတွေ့တာမျိုး ကြုံဖူးကြလား။ ကျွန်တော်ကတော့ ကျွန်တော့်အသက် (၄၀) ပြည့်တဲ့နေ့မှာမှ ကျွန်တော့်ဘဝရဲ့ အချစ်စစ်ကို ရှာတွေ့ခဲ့တယ်။ ကျွန်တော်ငယ်ငယ်လေးကတည်းက ရည်းစားတွေလည်း ထားခဲ့ဖူးပါတယ်။ အဲ့ရည်းစားတွေထဲမှာ မိန်းကလေးတွေလည်းပါတယ်၊ ယောက်ျားလေးတွေလည်းပါတယ်။ ဒါပေမဲ့ သူတို့တွေအပေါ် အရမ်းကြီး စွဲလန်းခဲ့တာမျိုး မရှိခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေကို တကယ်မချစ်မိခဲ့လိုပါ။

ဟုတ်ပါတယ်... ကျွန်တော်က ယောက်ျားလေးရော မိန်းကလေးကိုပါ ကြိုက်တဲ့ Bisexual တစ်ယောက်ပါ။ ဒါပေမဲ့လည်း ကျွန်တော့်လူငယ်ဘဝတုန်းက အခုလို ပွင့်လင်းမြင်သာတဲ့ကာလ မဟုတ်ခဲ့တော့ ကိုယ့်ကိုယ်ကို Bisexual တစ်ယောက်၊ ပြောရရင် ယောက်ျားလေးတစ်ယောက်က တခြားယောက်ျားလေးတွေကို ကြိုက်တာကို ပတ်ဝန်းကျင်က ရွံခဲ့ကြတယ်လေ။ အဲတာကြောင့် ကျွန်တော့်အချစ်ရေး၊ နှလုံးသားရေးကို ပွင့်ပွင့်လင်းလင်း မဖော်ထုတ်နိုင်ခဲ့ပါဘူး။

ဒါပေမဲ့ အခုချိန်မှာတော့ ပတ်ဝန်းကျင်ကလည်း အနည်းနဲ့အများ ပညာတတ်ပြီး အတွေးအခေါ်တွေ ရင့်ကျက်လာကြပြီဆိုတော့ LGBTQ+ တွေကို အနည်းနဲ့အများ လက်ခံလာကြပြီလေ။ ပြီးတော့ အခုချိန်မှာ ကျွန်တော်က ကျွန်တော့်ကိုယ်ပိုင်ဝင်ငွေနဲ့ ရပ်တည်နေနိုင်ပြီး ကျွန်တော့်မိဘတွေကိုလည်း ထောက်ပံ့ပေးနေနိုင်ပြီလေ။ အဲတာကြောင့် ပြောရရင် ကျွန်တော်ထောက်ရှု့နေရမယ့်မျက်နှာလည်း မရှိတော့ဘူး။ ကျွန်တော်ကြိုက်ချင်တာကို ပွင့်ပွင့်လင်းလင်း ကြိုက်လို့ရနေပြီဗျ။

စကားမစပ် ကျွန်တော့်နာမည် "ဇင်မင်းသန့်" ပါ။ အသက်ကတော့ (၄၀) ပြည့်ထားပါပြီ။ တကယ်ပြောတာပါ။ ရုပ်ကလေးနဲ့မလိုက်အောင် အသက်က ကြီးနေလို့ ကျွန်တော့်ကို လူငယ်လေးတွေက အစ်ကိုလို့ပဲ ခေါ်ကြတယ်ဗျ။ တချို့ဆို ညီလေးလို့တောင် ခေါ်ကြတယ်။ စတာပါ။ ကျွန်တော့်အကြောင်း တစ်စနှစ်စကို စာဖတ်သူတွေ အရှေ့အပိုင်းတွေမှာ ဖတ်ခဲ့ဖူးမှာပါ။ ကျွန်တော်နဲ့ သူရိယနဲ့က ငယ်ငယ်လေးကတည်းက အတူတူ ကြီးပြင်းလာခဲ့ကြတဲ့ ငယ်သူငယ်ချင်းတွေပါ။ အမ်... ငယ်ငယ်လေးကတည်းက အတူကြီးလာတာဆိုပြီး ကျွန်တော်နဲ့ သူ့ကို Ship ဖို့တော့ မစဉ်းစားကြနဲ့နော်။ ကျွန်တော်တို့က ရေမရော၊ ဆီမရောတဲ့ အဖြူရောင်သူငယ်ချင်းစစ်တွေဗျ။

MY HARMONIES Volume I (Completed)Où les histoires vivent. Découvrez maintenant