UNIT (7) 10,000 Hours

26 6 4
                                    

Song – 10,000 Hours

By – Dan + Shay & Justin Bieber

YouTube MV link – https://youtu.be/Y2E71oe0aSM

Lyric video link (with MMSub) – https://youtu.be/XNtIWxovciY

Story by ARGENTUM

ဒီတစ်ပုဒ်က UNIT (6) Like Strangers Do ရဲ့ အဆက်လေးပါခင်ဗျ။


အချိန်တွေကလည်း တဖြည်းဖြည်းနဲ့ ကြာလာခဲ့ပြီ။ ကျွန်တော်တို့တွေလည်း ဘွဲ့တွေတောင်ရလို့ အလုပ်တွေတောင် ရကုန်ကြပါပြီ။ ကျွန်တော်ကတော့ M.Sc. ဆက်တက်ရင်း တက္ကသိုလ်မှာပဲ Tutor ဆက်လုပ်နေပါတယ်။ ကျွန်တော့်သူငယ်ချင်းတွေလည်း သူ့ဘာသာနဲ့သူ အသီးသီး လုပ်ငန်းတွေ လုပ်နေကြပါပြီ။ အရင်လိုလည်း အချိန်တိုင်းနီးပါး မတွေ့ဖြစ်ကြတော့ပါဘူး။ အရာရာအားလုံး ပြောင်းလဲသွားခဲ့ပါပြီ။

ဒါပေမဲ့ ကျွန်တော့်အတွက် မပြောင်းလဲတဲ့ တစ်ခုတည်းသောအရာကတော့ သူ့ပေါ်ထားတဲ့ ကျွန်တော့်ရင်ထဲက အချစ်တွေပါပဲ။ သူ့ကို ဘယ်လောက်ပဲ နာကျည်းတယ်ပြောပြော သူ့ကို ချစ်နေသေးတာကတော့ လိမ်လို့မရတဲ့ အမှန်တရားတစ်ခုပါပဲ။ ဒါပေမဲ့လည်း သူ့ကို မတွေ့တော့တာ ဘွဲ့ရပြီးကတည်းကပါပဲ။ သူ့မျက်နှာကို နောက်ဆုံးတွေ့ခဲ့ရတာကတော့ ဘွဲ့ယူတဲ့နေ့တုန်းကပါ။

3 years ago, on the graduation day,

အဲ့နေ့က ကျွန်တော်တို့တွေ ဘွဲ့ယူလို့အပြီး အသီးသီး ဓာတ်ပုံတွေ ရိုက်နေကြတယ်။ ကျွန်တော်လည်း ကျွန်တော့်မိဘတွေ၊ ကျွန်တော်ဦးလေးအပြင်ကို ဦးလေးရဲ့သူငယ်ချင်း ဦးဇင်မင်းသန့်ပါ လိုက်ခဲ့တယ်။ သူကလည်း ဦးလေးရဲ့ ငယ်သူငယ်ချင်းဆိုတော့ မန္တလေးမှာ နေကတည်းက ကျွန်တော်တို့အိမ်ကို အဝင်အထွက် အမြဲရှိတယ်။ ဟီး... သူလည်း ဦးလေးလိုပဲ၊ အင်ဂျင်နီယာ လူပျိုကြီးပါ။

ကျွန်တော့်မိသားစုဝင်တွေနဲ့ ဓာတ်ပုံရိုက်လို့အပြီး သူငယ်ချင်းတွေနဲ့ ဓာတ်ပုံရိုက်နေတယ်။ ဆရာတချို့နဲ့လည်း ဓာတ်ပုံပတ်ရိုက်နေတယ်။ အဲ့အချိန်မှာ မထင်မှတ်ပဲ ကျွန်တော် လူတစ်ယောက်ကို ဝင်တိုက်မိတယ်။ ဝင်တိုက်မိလို့ လှဲတော့မလို ဖြစ်သွားတဲ့ကျွန်တော့်ကို အဲသည်သူက လှမ်ဆွဲပြီး ထိန်းပေးလိုက်လို့ ကျွန်တော်သက်သာသွားခဲ့တယ်။ အဲသည်သူကတော့ ကျွန်တော်ရင်ကွဲအောင် ချစ်ခဲ့ရတဲ့ အောင်ဘုန်းမြင့်ပါ။

MY HARMONIES Volume I (Completed)حيث تعيش القصص. اكتشف الآن