UNIT (1) You Belong with Me

121 11 0
                                    

Song – You Belong with Me

by Taylor Swift

Youtube MV link – https://youtu.be/VuNIsY6JdUw

Story by ARGENTUM


ကျွန်တော် အခန်းထဲမှာ ဖုန်းကြည့်နေတုန်း ကျွန်တော်ထိုင်နေတဲ့ဘေးနားက ပြတင်းပေါက်ကနေ စွန်ပုံစံခေါက်ထားတဲ့ စက္ကူလေးတစ်ခု ဝင်လာခဲ့တယ်။ ကျွန်တော့်အတွက်တော့ အဲ့ကိစ္စက ပုံမှန်လို ဖြစ်နေပါပြီ။ ကျွန်တော်လည်း အဲသည်စာရွက်လေးကို ဖြေကြည့်လိုက်တယ်။ စာရွက်ပေါ်မှာ စာတချို့ ရေးထားတယ်။

"အားလား"

ကျွန်တော် စာကိုဖတ်ပြီး ပြတင်းပေါက်ကနေ တစ်ဖက်ကို လှမ်းကြည့်လိုက်တယ်။ ကျွန်တော့်ပြတင်းပေါက်နဲ့ မျက်နှာချင်းဆိုင်နေရာ တစ်ဖက်အိမ်က ပြတင်းပေါက်မှာ ကောင်လေးတစ်ယောက် ရပ်ကြည့်နေတယ်။ အဲသည်ကောင်လေးကတော့ မင်းခန့်ပါ။

ကျွန်တော်လည်း ဘေးနားက စာအုပ်ထဲက စာရွက်တစ်ရွက်ကိုစုတ်ပြီး စာရေးလိုက်တယ်။

"အားတယ်။ ဆိုင်ထိုင်မလို့လား?"

ကျွန်တော် စာရေးပြီး စာရွက်ကို စွန်ပုံစံပြန်ခေါက်ပြီး သူ့ပြတင်းပေါက်ထဲဝင်အောင် ပြန်ပစ်လိုက်တယ်။ အိမ်နှစ်လုံးကလည်း နီးပြီး ပြတင်းပေါက်နှစ်ခုကြားနေရာကလည်း အရမ်းကြီး မခြားတာမလို့ စက္ကူလေးက လျှောလျှောရှူရှူပဲ ဝင်သွားခဲ့တယ်။ အခုလို ဖုန်းတွေနဲ့ လိုင်းပေါ်ကနေ အလွယ်တကူ စာပို့လို့ရနေတဲ့ခေတ်ကြီးမှာ စက္ကူတွေခေါက်ပြီး စာပို့နေကြလို့ ကျွန်တော်တို့ကို ခေတ်နောက်ကျတယ်၊ အလုပ်ရှုပ်အောင် အရှုပ်တွေလုပ်နေကြတယ်၊ အပိုတွေလုပ်နေကြတယ်လို့ ထင်ကောင်းထင်ကြပါလိမ်မယ်။ ဒါပေမဲ့ ကျွန်တော်တို့နှစ်ယောက်အတွက်တော့ ဒီလိုလုပ်ရတာလေးကို ဘယ်တော့မှ ရပ်လိုက်ကြမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုလုပ်လာခဲ့တာ ကျွန်တော်တို့ ငယ်ငယ်လေးကတည်းကမို့လို့ပါ။

ကျွန်တော်တွေးနေတုန်းမှာပဲ ကျွန်တော့်ပြတင်းပေါက်ကို စာရွက်စွန်လေးနောက်တစ်ခု ထပ်ဝင်လာခဲ့ပါတယ်။ စာရွက်လေးကို ဖွင့်ကြည့်လိုက်တော့ "သွားကြရအောင်လေ။ ငါ မင်းကို လာခေါ်မယ်" ဆိုပြီး ရေးထားတာကို တွေ့လိုက်ရတယ်။

MY HARMONIES Volume I (Completed)Donde viven las historias. Descúbrelo ahora